PSM (News) ဩဂုတ် ၁၅၊၂၀၂၆ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေသည့် အဓိက အကြွေးဝယ်ကတ် (Credit Card)လိမ်လည်မှုဂိုဏ်းကြီးတစ်ခုကို တရုတ်နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ဩဂုတ်လ ၁၃ ရက်နေ့တွင် အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆင်ရေးကြောင့် တရုတ်နိုင်ငံသား ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး စုစုပေါင်း သံသယရှိသူ ၉ ဦးကို နေရာအနှံ့အပြားတွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဂိုဏ်းသည်ထိုင်းနိုင်ငံအတွင်း ဆိုင်ခန်းဖွင့်လှစ်ကာ ပစ်မှတ်ထားခံရသူများ၏ အကြွေးဝယ်ကတ် အချက်အလက်များကို ခိုးယူပြီး၊ အတုပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများနှင့် ငွေကြေးခဝါချမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအမှုနှင့် ဆက်စပ်၍ တရုတ်ယွမ်ငွေ ၅ သန်းကျော် (ထိုင်းဘတ်ငွေ ၂၄.၅၈ သန်းခန့်) ဆုံးရှုံးခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ တရုတ်ရဲတပ်ဖွဲ့က အဆိုပါကွန်ရက်ကို ၂၀၂၅ ခုနှစ်တွင် စတင်ဖော်ထုတ်ခဲ့ပြီး ထိုင်းဘက်ခြမ်းနှင့် သတင်းအချက်အလက်များ မျှဝေကာ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံ စီးပွားရေးရာ ရာဇဝတ်မှုများကို ပထမဆုံးအကြိမ် ပူးပေါင်းနှိမ်နင်းခြင်းလည်း ဖြစ်သည်။ ကိုးကား-The Nation Thailand Post navigation အနုတင်နှင့် သက်ဆင်တို့ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား တွေ့ဆုံ အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အအင်အားပြင်ငလျင်လှုပ်ခတ်