PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ ရုရှားနိုင်ငံ၏ တရားမဝင် သိမ်းပိုက်ခြင်းခံထားရသော ခရိုင်းမီးယား ဒေသ၊ ဆီဗက်စတိုပိုမြို့တွင် ယူကရိန်းနိုင်ငံမှ ရုရှားဘက်သို့ ကူးပြောင်းခဲ့သော ရုရှားရေတပ်အရာရှိ ရိုဘတ် ရှာဂီယက်သည် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အမှိုက်ပုံးအတွင်း ဖွက်ထားသော ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဆီဗက်စတိုပိုမြို့တော်ဝန် မိခေးလ် ရာဇိုဗာယက်ဖ်၏ ပြောကြားချက်အရ အဆိုပါ သံသယရှိသူသည် ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီများ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားဖက်ဒရယ် လုံခြုံရေးဖက်ဒရယ်ဝန်ဆောင်မှု (FSB) က အတည်ပြုခဲ့ပြီး ရုရှားနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ သေဆုံးသူ ရှာဂီယက် သည် ၂၀၁၄ ခုနှစ် မော်စကိုမှ ခရိုင်းမီးယားကို သိမ်းပိုက်စဉ်က ယူကရိန်းဘက်မှ ရုရှားဘက်သို့ သစ္စာဖောက်ပြောင်းလဲခဲ့ပြီး ယူကရိန်း၏ တစ်ခုတည်းသော ရေငုပ်သင်္ဘောဖြစ်သည့် ဇာပိုရစ်ဇ်ဇီယာ ကို ကွပ်ကဲခဲ့သူ ဖြစ်သည်။ ယူကရိန်း အာဏာပိုင်များသည် ၎င်းအား ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတော်သစ္စာဖောက်ဖျမှုဖြင့် တရားစွဲဆိုရန် အကြောင်းကြားခဲ့သည်။ လက်ရှိအချိန်အထိ ယူကရိန်းအစိုးရဘက်က ယခုလုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပေ။ ကိုးကား-The Indepedent Post navigation အမေရိကန်၏ ဝေဖန်မှုများကြောင့် လက်ဘနွန်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ဟစ်ဇ်ဘိုလာ လက်နက်စွန့်လွှတ်မှုနှင့် အစ္စရေး ချိတ်ဆက် စစ်ပွဲအပြီး အီရန်နိုင်ငံ၏ စစ်ရေးစွမ်းရည် ပြန်လည်နာလန်ထူလာမှုအမြန်နှုန်းအပေါ် အစ္စရေးအရာရှိများ အံ့အားသင့်နေကြဟု သတင်းထွက်ပေါ်