PSM (News) ဩဂုတ် ၁၅၊၂၀၂၆ ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထာ၊ ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝါထာနှင့် ဝန်ကြီးချုပ်ဟောင်း ဆိုမ်ချိုင်း ဝုံဆာဝပ်တို့သည် သြဂုတ်လ ၁၄ ရက်နေ့က ဥဘွန်ရက်ချာဌာပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဈာပနအခမ်းအနားတစ်ခုတွင် အတူတကွ တွေ့ဆုံခဲ့ကြသည်။ အဆိုပါ စုဝေးတွေ့ဆုံမှုသည် သက်ဆင် လွတ်မြောက်လာပြီးနောက်ပိုင်း အနုတင်နှင့် သက်ဆင်တို့ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား တွေ့ဆုံခြင်းလည်း ဖြစ်သည်။ ဝန်ကြီးချုပ် အနုတင်သည် ပြည်ထဲရေး ဒုတိယဝန်ကြီးဟောင်း ခရိုင်း ကာလ်ပတီနန်၏ ဈာပနအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သုံးဦးကမူ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ကိုးကား-Khaosod Post navigation စစ်ပွဲအပြီး အီရန်နိုင်ငံ၏ စစ်ရေးစွမ်းရည် ပြန်လည်နာလန်ထူလာမှုအမြန်နှုန်းအပေါ် အစ္စရေးအရာရှိများ အံ့အားသင့်နေကြဟု သတင်းထွက်ပေါ် တရုတ်နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် Credit Card လိမ်လည်မှုဂိုဏ်းကို ဖြိုခွင်း