PSM (News)

ဩဂုတ် ၁၄၊၂၀၂၆

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်၏ ယခင်က ပြောကြားခဲ့သော မှတ်ချက်စကားများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ထို့နောက်၊ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသမှ အစ္စရေး တပ်ဖွဲ့များ ဆုတ်ခွာရေးကိစ္စကို ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်စွန့်လွှတ်မှုအပေါ်တွင် မူတည်ကြောင်း ကြေညာလိုက်သည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်မစွန့်လွှတ်သမျှ ကာလပတ်လုံး တောင်ပိုင်း လက်ဘနွန်မှ ဆုတ်ခွာမည်မဟုတ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အစ္စရေး အနေဖြင့် လက်ဘနွန်တောင်ပိုင်းတွင် အမြဲတမ်း စစ်ရေးအရ ရှိနေခြင်းသည် နှစ်နိုင်ငံ သဘောတူညီချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ထောက်ပြပြောဆိုထားသည်။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေး တပ်ဖွဲ့များ ဆုတ်ခွာသွားခြင်း မရှိဘဲနှင့် ၎င်းတို့၏ လက်နက်အရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်မဟုတ်ကြောင်း ပယ်ချထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *