Category: daily-news

စစ်အာဏာသိမ်း ၅ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားလာ၊ ဇန်နဝါရီ တစ်လတည်းမှာပင် အမျိုးသမီး ၅၅ ဦး သတ်ဖြတ်ခံရ

PSM(News)ဖေဖော်ဝါရီ ၉ ရက် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှု ၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ အကြမ်းဖက် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမျိုးသမီးများ၏ အသက်အန္တရာယ်မှာ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံနေရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။ မြန်မာအမျိုးသမီးသမဂ္ဂ၏ စာရင်းဇယားများအရ ပြီးခဲ့သည့် ဇန်နဝါရီ အတွင်း၌ပင် စစ်ကော်မရှင်၏ လေကြောင်းနှင့်…

မြန်မာစစ်ကော်မရှင်ကို ဖိအားပေးရန် ပိတ်ဆို့အရေးယူမှု နည်းလမ်းများ အသင့်ရှိနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ပြောကြား

PSM(NEWS) ဖေဖော်ဝါရီလ ၈ ၊၂၀၂၆ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသည် အီရန်နှင့် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများသည် အမျိုးသားလုံခြုံရေးအတွက် အဓိကကျကြောင်း လွှတ်တော်တွင် တင်ပြခဲ့‌‌‌ကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စု၏ အီရန်နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု မူဝါဒများသည် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် အဓိကမဏ္ဍိုင်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် က လွှတ်တော်အမတ်များအား…

အဆုံးသတ်တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

PSM(News) ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) သည် ၎င်းတို့၏ တပ်မှူးကြီး များအစည်းအဝေးကို ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပြီးနောက် လက်ရှိကာလမှာ “အဆုံးသတ်တိုက်ပွဲ ဖော်ဆောင်တက်လှမ်းနိုင်ရေး ပြင်ဆင်နေသည့်ကာလ” ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစည်းအဝေးကို ယခု ဖေဖော်ဝါရီလအတွင်း…

MMA ဖိုက်တာ ကယန်းတိုင်းရင်းသူ အန်တိုနီယာ လက်ဝှေ့ကြိုးဝိုင်းသို့ ပြန်လည်ဝင်ရောက်

PSM(News) ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆ ONE Championship ၏ ပထမဆုံး မြန်မာအမျိုးသမီး ဖိုက်တာဖြစ်ခဲ့သူ MMA ကစားသမား ကယန်းတိုင်းရင်းသူ အန်တိုနီယာ (ခ) တိုတိုသည် ကစားသမားဘဝမှ အနားယူပြီးနောက် လက်ဝှေ့ ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Tha Phae Boxing Stadium ၌ ယနေ့…

ကောလင်းမြို့နယ်တွင် စစ်ကော်မရှင် တပ်ကြပ်ကြီးတစ်ဦးကို တော်လှန်ရေးအဖွဲ့များ ဖမ်းဆီးရမိ

PSM(News) ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ဘက် ကျောက်ကာရွာအနီးတွင် စစ်ကော်မရှင်တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။ ဝန်းသိုအခြေစိုက် ခမရ-၁၂၀ မှ တပ်ကြပ်ကြီး ထူးထူးနိုင် ဆိုသူကို ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင်…

ဗိုလ်ချုပ်အောင်ဆန်း၏တူဖြစ်သူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း အမေရိကန်တွင် ကွယ်လွန်

PSM(News) ဖေဖော်ဝါရီ ၇ ရက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူ၊ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားဖြစ်သူ ဒေါက်တာစိန်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး ဘက်သက်စဒါ (Bethesda) မြို့ရှိ…

ကလေးခရိုင် အမှတ်-၃ တပ်ရင်း၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ တိုက်ပွဲဝင်မည်ဟု သစ္စာဆို

PSM(News) ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ် (၃) တပ်ရင်း ပူးပေါင်းတည်ထောင်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်ရေးအခြေအနေများကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်က ကြိုတင်ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် တော်လှန်ရေး ၅ နှစ်တာကာလနှင့် တပ်ရင်းသက်တမ်း ၃…

မြန်မာစစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများအပေါ် တီမောလက်စတေး၏ တရားစွဲဆိုမှုအား APHR ချီးကျူးဂုဏ်ပြု

PSM(NEWS)ဖေဖော်ဝါရီ ၇၊ ၂၀၂၆ မြန်မာစစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာစီရင်ပိုင်ခွင့်မူအရ တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည့် တီမောလက်စတေး နိုင်ငံ၏ လုပ်ဆောင်ချက်အပေါ် အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ချီးကျူးဂုဏ်ပြုလိုက်သည်။ တီမောလက်စတေးသည် ဒေသတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အရေးပါပြီး ခိုင်မာသည့် အသံတစ်ခုဖြစ်ကြောင်း APHR က အသိအမှတ်ပြုထားသည်။…

ဇေယျဝတီသကြားစက်အနီးရှိ စစ်ကော်မရှင်တပ်ဂိတ်ကို ထောက်လှမ်းရေးရဲဘော်တစ်ဦးတည်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး တပ်ကြပ်ကြီးသေဆုံး

PSM(News)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ပဲခူးတိုင်း၊ ဇေယျဝတီမြို့ သကြားစက်အနီးရှိ စစ်ကော်မရှင်တပ်ဂိတ်ကို ထောက်လှမ်းရေးရဲဘော်တစ်ဦးတည်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ် ကြပ်ကြီးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဇေယျဝတီမြို့ သကြားစက်အနီးရှိ စစ်တပ်ဂိတ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၅ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတခရိုင်အမှတ် -၂ တပ်ရင်းမှထောက် လှမ်းရေးရဲဘော်က 9-MM ပစ္စတိုဖြင့် ဂိတ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဧရာဝတီအမှတ်(၃)…

ကရင်နီတွင် စစ်ရေးတင်းမာမှုကြောင့် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို KNDF အရေးပေါ် ပိတ်သိမ်း

PSM(News)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင်၏ စစ်ကြောင်းများ စစ်ရေးလှုပ်ရှားလာမှုကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးအပါအဝင် လမ်းသွယ်များအားလုံးကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှစ၍ အသုံးမပြုကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အရေးပေါ် အသိပေးထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင်တပ်သည် ဖရူဆို…