PSM(News)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ပဲခူးတိုင်း၊ ဇေယျဝတီမြို့ သကြားစက်အနီးရှိ စစ်ကော်မရှင်တပ်ဂိတ်ကို ထောက်လှမ်းရေးရဲဘော်တစ်ဦးတည်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ် ကြပ်ကြီးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဇေယျဝတီမြို့ သကြားစက်အနီးရှိ စစ်တပ်ဂိတ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၅ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတခရိုင်အမှတ် -၂ တပ်ရင်းမှထောက် လှမ်းရေးရဲဘော်က 9-MM ပစ္စတိုဖြင့် ဂိတ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဧရာဝတီအမှတ်(၃) တပ်ရင်းက ထုတ် ပြန်သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင် တပ် ကြပ်ကြီး တစ်ဦးသေဆုံးပြီး MA-3 တစ်လက်၊ MA-11 တစ်လက်၊ ကျည်ဘောက် နှစ် ဘောက် နှင့် ကျည် ၄၀ တောင့် သိမ်ဆည်းရရှိခဲ့သည်။ အဆိုပါစစ်တပ်ဂိတ်သည် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ငွေကြေးကောက်ခံခြင်းများပြုလုပ်နေသော ဂိတ်ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့သည့် ရဲဘော်မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီအမှတ်( ၃ )တပ်ရင်းအနေဖြင့် စစ်အာ ဏာရှင်အမြစ်ပြတ်သည်အထိ ပြည်သူနှင့်တူ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကတိပြုထား သည်။ ဓာတ်ပုံ-ဧရာဝတီအမှတ်(၃) တပ်ရင်း #ဇေယျဝတီသကြားစက်#တပ်ကြပ်ကြီး#ထောက်လှမ်းရေး#PSM_News See less Post navigation ကရင်နီတွင် စစ်ရေးတင်းမာမှုကြောင့် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို KNDF အရေးပေါ် ပိတ်သိမ်း မြန်မာစစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများအပေါ် တီမောလက်စတေး၏ တရားစွဲဆိုမှုအား APHR ချီးကျူးဂုဏ်ပြု