daily-news ကောလင်းခရိုင် PDF တပ်ရင်း (၄) မှ ရဲဘော်များ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ တာဝန်ပြန်လည် ထမ်းဆောင်ရန် အကြောင်းကြား၊ တော်လှန်ရေး အရှိန်မြှင့်ရန် တပ်ရင်းအင်အား ပြန်လည်စုစည်းခြင်းဟုဆို February 13, 2026 Htet Ko ========= PSM (News) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ တော်လှန်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရေးအတွက် တပ်ရင်းအင်အားများ ပြန်လည်စုစည်းရန် ခွင့်လွန်၊ ခွင့်မဲ့ ဖြစ်နေသည့် ရဲဘော်များအားလုံး ပြန်လည် သတင်းပို့ တာဝန်ထမ်းဆောင်ကြရန် ကောလင်းခရိုင် တပ်ရင်းက အကြောင်းကြားစာ ထုတ်ပြန် ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ…
daily-news မြောက်ဥက္ကလာပ ရွှေပေါက်ကံရဲစခန်းကို YA နှင့် ရန်ကုန်တိုင်း(ပကဖ) ပူးပေါင်းအဖွဲ့ မိုင်းဖြင့် တိုက်ခိုက် February 12, 2026 Htet Ko PSM(News)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းကို ရန်ကုန်မြို့ရှိတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီ ၄၃ မိနစ်ဝန်းကျင်က စခန်းအပြင်သို့ ထွက်လာစဉ် ရဲစခန်းအရှေ့တည့်တည့်၌ ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Yangon Army (YA)…
daily-news မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၈၀၀ ကျော်ရှိလာပြီး ၇၀ ရာခိုင်နှုန်းမှာ စစ်ကောင်စီ၏ လက်ချက်ဖြစ်ဟု ဆို February 12, 2026 Htet Ko PSM (NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အဟန့်အတားပြုမှု အနည်းဆုံး ၁,၈၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Insecurity Insight ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါ အစီရင်ခံစာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ…
daily-news အမေရိကန်အောက်လွှတ်တော်ကမြန်မာစစ်ကော်မရှင်အပေါ်ဖိအားမြှင့်တင်မည့် BRAVE Burma Act ကို အတည်ပြု February 12, 2026 Htet Ko PSM(NEWS)ဖေဖော်ဝါရီ၁၂၊၂၀၂၆ အမေရိကန်အောက်လွှတ်တော် သည် မြန်မာစစ်ကော်မရှင်အပေါ်စီးပွားရေးနှင့်သံတမန်ရေးအရ ဖိအားများ တိုးမြှင့်ရန် ရည်ရွယ်သည့်နှစ်ပါတီသဘောတူ ဥပဒေမူကြမ်းကို ဖေဖော်ဝါရီလ ၉ ရက် တနင်္လာနေ့တွင်အတည်ပြုလိုက်သည်။ BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act – H.R. 3190) ဟု အမည်ပေးထားသည့် ဥပဒေမှာ ၂၀၂၂…
daily-news ၂၀၂၆ ခုနှစ်သည် မြန်မာ့တော်လှန်ရေး အောင်ပွဲခံမည့်နှစ် ဖြစ်လာနိုင်ဟု ဒေါက်တာဆာဆာ ပြောကြား February 11, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ စပိန်သတင်းဌာန ABC နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာဆာဆာက မြန်မာ့နွေဦးတော်လှန်ရေးသည် အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်သည် စစ်အာဏာရှင်စနစ် နိဂုံးချုပ်၍ ပြည်သူများ အောင်ပွဲခံမည့်နှစ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားခဲ့ပါသည်။ လက်ရှိတွင်…
daily-news စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲအတုနှင့် နိုင်ငံရေးလုပ်ရပ်များကို အာဆီယံကပင် အသိအမှတ် ပြုထားခြင်းမရှိသော်လည်း ပြည်သူများ ထောက်ခံဟု မရှက်တမ်း ပြောဆို February 10, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ရပ် များကို အာဆီယံအပါအဝင် နိုင်ငံတကာက ပြတ်ပြတ်သားသား ငြင်းပယ်ထားသော်လည်း စစ်ခေါင်းဆောင်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲကို မြန်မာပြည်သူများ တခဲနက် ထောက်ခံအားပေး ခဲ့ကြောင်း မရှက်တမ်း ပြောဆိုခဲ့သည်။ စစ်ခေါင်းဆောင်သည် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်တွင် ၎င်းခန့်အပ်ထားသည့် စစ်ကော်မရှင် (UEC)…
daily-news ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကော်မရှင်ဘက်မှ ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ February 10, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၁၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်-ပကဖ) က ထုတ်ပြန်သည်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော တပ်မ(၉၉)နှင့် ပျူစောထီး ပူပေါင်းအင်အား ၃၀၀ခန့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ…
daily-news စစ်ကော်မရှင်က အီရန်ထုတ် လောင်စာဆီများအသုံးပြုကာ ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးဆိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်နေ February 10, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ အကြမ်းဖက်စစ်ကော်မရှင်သည် နိုင်ငံတကာပိတ်ဆို့မှုများကြားမှ ရရှိနေသည့် အီရန်နိုင်ငံထုတ် လေယာဉ်လောင်စာဆီများကို အသုံးပြုကာ ချင်းပြည်နယ်အတွင်းရှိ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အရပ်သားလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ ယင်းကဲ့သို့ အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ…
daily-news ပူတာအိုခရိုင် နောင်မွန်းမှ စစ်ကော်မရှင်တပ်များ စခန်းစွန့်ခွာ၊ KIA နှင့် PDF ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းရာ၌ မူးယစ်ဆေးဝါးများနှင့် မြေမြှုပ်မိုင်းများ တွေ့ရှိ February 9, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းငယ်နှစ်ခု စခန်းစွန့်ခွာ သွားသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ နောင်မွန်းမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်စခန်းငယ် နှစ်ခုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စခန်းစွန့်ခွာသွားကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း…
daily-news စစ်ကော်မရှင်၏ အတင်းအကျပ် စစ်မှုထမ်းခိုင်းစေမှုကို ငြင်းဆန်ကာ ပြည်သူ့စစ်မှုထမ်း (၇) ဦး ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံ February 9, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၉၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပြည်သူ့ရင်ခွင် (People’s Embrace) သို့ ယခု ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း ခုနစ်ဦး ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ တာဝန်ကျနေသည့် ပြည်သူ့စစ်မှုထမ်း သုံးဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကချင်ဒေသ ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့ (KPEC)…