PSM(News)
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းကို ရန်ကုန်မြို့ရှိတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေပေါက်ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီ ၄၃ မိနစ်ဝန်းကျင်က စခန်းအပြင်သို့ ထွက်လာစဉ် ရဲစခန်းအရှေ့တည့်တည့်၌ ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Yangon Army (YA) က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို Yangon Army (YA) နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၇) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Army (YA) အနေဖြင့် စစ်ကော်မရှင်နှင့် ပတ်သက်သည့် ပစ်မှတ်များအပြင် စစ်ကော်မရှင်၏ အတု အယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာမည့် အစိုးရဆိုသူများကိုလည်း ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပုံစာ-ရွှေပေါက်ကံနယ်မြေရဲစခန်း(ပုံဟောင်း)

မြောက်ဥက္ကလာပ

ရွှေပေါက်ကံရဲစခန်း

YA

ရန်ကုန်တိုင်းပကဖ

မိုင်း

PSM_News

By Htet Ko