PSM(NEWS)ဖေဖော်ဝါရီ၁၂၊၂၀၂၆ အမေရိကန်အောက်လွှတ်တော် သည် မြန်မာစစ်ကော်မရှင်အပေါ်စီးပွားရေးနှင့်သံတမန်ရေးအရ ဖိအားများ တိုးမြှင့်ရန် ရည်ရွယ်သည့်နှစ်ပါတီသဘောတူ ဥပဒေမူကြမ်းကို ဖေဖော်ဝါရီလ ၉ ရက် တနင်္လာနေ့တွင်အတည်ပြုလိုက်သည်။ BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act – H.R. 3190) ဟု အမည်ပေးထားသည့် ဥပဒေမှာ ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော BURMA Actကိုပိုမိုအားကောင်းလာစေရန်အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ အကျပ်အတည်းများပေါ် အမေရိကန်၏ တုံ့ပြန်မှုကို အရှိန်မြှင့်တင်လိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါဥပဒေ၏အဓိကရည်ရွယ်ချက်မှာအရပ်သားပြည်သူများအပေါ် စစ်ဆင်ရေးများဆောင်ရွက်နေသည့်စစ်ကော်မရှင်၏ဘဏ္ဍာရေးနှင့်ထောက်ပံ့ရေးကွန်ရက်များကိုဖြတ်တောက်ဖြစ်ပြီးဂျက်လေယာဉ်ဆီ ကဏ္ဍ ကိုတိုက်ရိုက်ပစ်မှတ်ထားခြင်းဖြစ်သည်။ ဥပဒေအရအမေရိကန်သမ္မတသည်စစ်ကော်မရှင်ထံ လေယာဉ်ဆီထောက်ပံ့မှုတွင် ပါဝင်ပတ်သက်နေသည့် ပြည်ပမှပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများကိုပိတ်ဆို့အရေးယူရန်တာဝန်ရှိလာမည်ဖြစ်ပြီး၊ယင်းမှာစစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ရည်ရွယ်သည်။ “ဒီဥပဒေဟာစစ်ကော်မရှင်ကကိုယ့်ပြည်သူကိုအကြမ်းဖက်နေတာကိုနိုင်ငံတကာမိသားစုကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ရှင်းလင်းတဲ့ သတင်းစကားကို ပေးလိုက်တာပဲဖြစ်ပါတယ်” ဟု ဥပဒေမူကြမ်းကို တင်သွင်းခဲ့သူဘီလ်ဟူဇင်းဂါးက ပြောကြားခဲ့သည်။ BRAVE Burma Act တွင်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် မြန်မာ့စီးပွားရေးဘဏ် (MEB)ကဲ့သို့သောစစ်ကော်မရှင်ထိန်းချုပ်ထားသည့် လုပ်ငန်းများကိုပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် နှစ်စဉ်ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန်ပါဂင်သည်။ စစ်ကော်မရှင်အာဏာရှိနေစဉ်အတွင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တွင် မြန်မာနိုင်ငံ၏ ရှယ်ယာပိုင်ဆိုင်မှု သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ မတိုးလာစေရန် အမေရိကန်ကိုယ်စားလှယ်များကကန့်ကွက်ရန်လည်းပြဌာန်းထားသည်။ ထို့အပြင်နိုင်ငံတကာ၏ တုံ့ပြန်မှုများကိုပေါင်းစပ်ညှိနှိုင်းရန်အတွက်အထက်လွှတ်တော်၏အတည်ပြုချက်ဖြင့်ခန့်အပ်သောမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် (US Special Envoy for Burma) တစ်ဦးကို ခန့်အပ်ရနလည်းထည့်သွင်းထားသည်။ အဆိုပါ ဥပဒေမူကြမ်းကို ဘီလ် ဟူဇင်းဂါး နှင့် ဘက်တီ မက်ကော်လန် တို့ကဦးဆောင်၍နှစ်ပါတီပူးပေါင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ အမေရိကန်အောက်လွှတ်တော်တွင်အတည်ပြုပြီးဖြစ်သဖြင့် ဆက်လက်၍ အမေရိကန်အထက်လွှတ်တော်သို့ပေးပို့သွားမည်ဖြစ်သည်။ အထက်လွှတ်တော်တွင် အတည်ပြုပြီးပါကသမ္မတက လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ်အာဏာတည်မည်ဖြစ်သည်။ ကိုးကား congress.gov အမေရိကန်အောက်လွှတ်တော် မြန်မာစစ်ကော်မရှင် ဖိအားမြှင့်တင် BURMA_Act_ဥပဒေ ပိတ်ဆို့အရေးယူမှု PSM_News Post navigation ၂၀၂၆ ခုနှစ်သည် မြန်မာ့တော်လှန်ရေး အောင်ပွဲခံမည့်နှစ် ဖြစ်လာနိုင်ဟု ဒေါက်တာဆာဆာ ပြောကြား မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၈၀၀ ကျော်ရှိလာပြီး ၇၀ ရာခိုင်နှုန်းမှာ စစ်ကောင်စီ၏ လက်ချက်ဖြစ်ဟု ဆို