Category: daily-news

ချင်းမိုင်မြို့တွင် ရခိုင်ရိုးမတောင်ခြေရှိ စစ်ဘေးရှောင်၁၀၀၀ကျော်အတွက် ရန်ပုံငွေဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ

PSM(News) မတ် ၁၄ ၊ ၂၀၂၆ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ရေကြည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်ထောင်ကျော်အတွက် ရန်ပုံငွေ ရှာဖွေသည့် ဘောလုံးပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ မတ်လ ၁၄ ရက် တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Dream Star ကွင်း ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။…

နောင်ချိုစစ်ဆင်ရေးဖြင့် ရာထူးတိုးခဲ့သူ တမခ-၇၇ တပ်မမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် ပခုက္ကူ တိုက်ပွဲ တွင် သေဆုံးဟုဆို

PSM(News) မတ် ၁၃၊ ၂၀၂၆ နောင်ချိုတန်ပြန်စစ်ဆင်ရေးတွင် နာမည်ရရှိခဲ့ပြီးနောက် စစ်ကော်မရှင်၏ အမှတ် (၇၇) ခြေမြန်တပ် မဌာနချုပ် (တမခ-၇၇) တပ်မမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဗိုလ်မှူးကြီးဝင်းမောင်မောင်သည် ပခုက္ကူ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါအကြောင်းအရာသည် MDSI က…

မွန်တော်လှန်ရေးအဖွဲ့အစည်းများ ဘုံသဘောထား ခိုင်မာစွာချမှတ်၊ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် NCA လမ်းစဉ်ကို လုံးဝလက်မခံဟု ကြေညာ

PSM(News) မတ် ၁၂ ၊ ၂၀၂၆ မွန်တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန်နှင့် မွန်ပြည်တည်ဆောက်ရေး အတွက် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ‘မွန်တော်လှန်ရေးဖိုရမ်’ ကို မတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)…

တောင်ငူလေတပ်စခန်းကို BWM နှင့် မဟာမိတ်များ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုပြင်းထန်သဖြင့် တိုင်းမှူးကိုယ်တိုင် လာရောက်စစ်ဆေး

PSM(News) မတ် ၁၃၊ ၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များက ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုပြင်းထန်ကြောင်း BWM အဖွဲ့က ယနေ့ မတ် ၁၃ ရက် တွင် ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ…

ပဲခူးတွင် အမှတ်-၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

PSM(News) မတ် ၁၃၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ အမှတ် (၂) လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မတ် ၄ ရက်နေ့က ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဦးစီးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာကို…

မွန်တော်လှန်ရေးအဖွဲ့အစည်းများ ဘုံသဘောထား ခိုင်မာစွာချမှတ်၊ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် NCA လမ်းစဉ်ကို လုံးဝလက်မခံဟု ကြေညာ

PSM(News) မတ် ၁၂ ၊ ၂၀၂၆ မွန်တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန်နှင့် မွန်ပြည်တည်ဆောက်ရေး အတွက် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ‘မွန်တော်လှန်ရေးဖိုရမ်’ ကို မတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)…

နှစ်ပေါင်း ၃၀ ကျော် အခြေချထားသည့် စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

PSM(News) မတ် ၁၂၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)အတွင်းရှိ စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ KNU ဗျူဟာ (၂) ဦးဆောင်သည့် တပ်ဖွဲ့များသည် တနင်္သာရီတိုင်းရှိ ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာတွင် နှစ်ပေါင်း (၃၀) ကျော်ကြာ အခြေချတပ်စွဲထားသော အဆိုပါစခန်းကို…

ကျောက်မဲတွင် စစ်ကော်မရှင်တပ်က အရပ်သားများကို ဘုန်းကြီးကျောင်း၌ ပိတ်လှောင်ကာ ကျောကုန်း အား ဓားဖြင့်လှီး၍ ရက်စက်စွာ နှိပ်စက်

PSM(News) မတ် ၁၂ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်က ဒေသခံရွာသားများကို ဘုန်းကြီးကျောင်းတွင် စုပြုံ ဖမ်းဆီးကာ ကျောကုန်းကို ဓားဖြင့်လှီး၍ နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ပုံဝိုးကျေးရွာအုပ်စုအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကော်မရှင်၏ ခမရ-၅၀၆…

ယင်းမာပင် တပ်ရင်း -၂၀ ရဲမေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေဟု NUG ထုတ်ပြန်

PSM(News) မတ် ၁၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမေတစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကို ယနေ့ မတ် ၁၁ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍…

အမ်းတွင် AA ထိန်းသိမ်းထားသည့် စစ်သုံပန်းစခန်းကို စစ်ကော်မရှင်က ဗုံးကြဲ၍ ၎င်းတို့၏ အရာရှိ ကြီးများနှင့် တပ်ဖွဲ့ဝင် ၁၁၆ ဦးကို အစုလိုက်အပြုံလိုက် ပြန်လည်သတ်ဖြတ်

PSM(News) မတ် ၁၁၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံပန်း စခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့၏ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင် ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ယနေ့ မတ် ၁၁…

You missed