PSM(News)

မေ ၂၇၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာအဝင်တွင် စစ်အုပ်စုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

လင်းကတောစခန်းကို အခြေပြုထားသည့် စစ်အုပ်စုသည် အနီးနား ကျေးရွာများကို လိုက်လံ မီးရှို့နေသော ကြောင့် ယမန်နေ့ မေ ၂၆ ရက်နေ့က ဒေသတွင်း အင်အားစုများနှင့် ပူးပေါင်း၍ လင်းကတောကျေးရွာအဝင်တွင် လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရနိုင် ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်နေ့ ကလည်း အဆိုပါလင်းကတောရွာရဲစခန်းမှ အင်အား ၂၀၀ ဖြင့်ထွက်လာသည့် စစ် ကြောင်းကို ရွာမြောက်ဘက်ရှိ ချောက်တောင်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေသတွင်းနှင့် ထိစပ်မြို့နယ်များအတွင်း၌ စစ်ရေးများ ပြင်းထန်လာနိုင်သဖြင့် ရဲဘော်များနှင့်ပြည်သူလူထုများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာလှုပ်ရှားနေထိုင်ကြရန် မြိုင်ပကဖက တိုက်တွန်းထားသည်။

ဓာတ်ပုံ-မြိုင်(ပကဖ)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *