PSM(News)

မေ ၂၇၊ ၂၀၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော “ရေးဘီလူး” တပ်ဖွဲ့စခန်းကို ယနေ့ မေ ၂၇ ရက် နံနက်အစောပိုင်းတွင် အာဏာလုအစိုးရစစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးရဲဘော်များအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ဖွဲ့မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်သည် ယနေ့ နံနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ရေးဘီလူး တပ်စခန်းကို လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် ဗုံးသီး ကိုး လုံးစီဖြင့် တရစပ် ကြဲချတို က်ခိုက်ခဲ့ခြင်းဖြစ်ကာ စခန်းအတွင်းရှိ အမျိုးသမီးရဲဘော်များ နေထိုင်ရာအဆောင်ကို ဗုံးသီးတိုက်ရိုက် ထိမှန်ခဲ့ပြီး စခန်းတစ်ခုလုံး ပြိုပျက်သွားကြောင်း သိရသည်။

“ဒီမနက် နံနက် ၁ နာရီ ၁၀ မိနစ်လောက်မှာ အားလုံး အိပ်ပျော်နေတဲ့အချိန်ကြီး ဗုံးလာကြဲသွားတာ။ တိုက် ခိုက်မှုဖြစ်တဲ့နေရာက ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာပဲ။ စခန်းကတော့ အတော်လေး ကြေထွက် သွား တယ်။ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော် ၂၀ လောက်ရှိပြီး ကျဆုံးတာက ၁၀ ဦးဝန်းကျင်လောက်ရှိတယ်” ဟု မြေပြင်တွင် ကူညီပေးနေသည့် ဒေသခံစစ်ရေးရင်းမြစ်က ဆိုထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ “ရေးဘီလူး” တပ်ဖွဲ့ကလည်း ၎င်းတို့၏ စခန်းဗုံးကြဲ ခံရမှုကြောင့် ရဲဘော်များ ထိခိုက်ကျဆုံးရသည့် ဓာတ်ပုံမှတ်တမ်းများကို ထုတ်ပြန်ထားပြီး တပ်ဖွဲ့ ခေါင်းဆောင် ရေးဘီလူးမှာမူ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် စခန်း၌ ရှိမနေခဲ့သဖြင့် ထိခိုက်မှုလုံး၀မရှိဘဲ အန္တရာယ်ကင်း ဘေးကင်းလျက်ရှိကြောင်း အတည်ပြုထားသည်။

စခန်းတိုက်ခိုက်ခံရမှုအပေါ် “ဒီနေ့မင်းတို့ပြုံးပါ…။ ကျန်တဲ့နေ့တွေမှာ ငါတို့အပြုံးပဲနော်” ဟု တပ်ဖွဲ့ခေါင်း ဆောင် ရေးဘီလူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြင်းထန်သည့် သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ရေးဘီလူး

ပုံစာ-ရေဘီလူးစခန်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်တွေ့ရစဉ်။

By Htet Ko

You missed