daily-news ကျောက်ကြီးတွင် စစ်မှုထမ်းတပ်သားသစ် ၃ ဦး KNLA ထံ လက်နက်ချအလင်းဝင် March 21, 2026 Htet Ko PSM(News) မတ် ၂၀၊၂၀၂၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏ စစ်မှုထမ်းတပ်သားသစ် သုံး ဦးသည် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း-၉ ထံသို့ အလင်းဝင်ရောက် လာကြောင်း ကရင်အမျိုး သားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ ၁၉ ရက်တွင် ကျောက်ကြီးမြို့နယ်၊ သံဆိပ်စခန်းရှိ ခမရ (၃၅၀) တပ်ရင်းတွင်…
daily-news မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းမှသာ အမျိုးသမီးများအတွက် တန်းတူညီမျှသော တရားမျှတမှု ရရှိနိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား March 20, 2026 Htet Ko PSM(News) မတ် ၂၀ ၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာမှသာလျှင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တန်းတူညီမျှသော တရားမျှတမှုကို ခံစားရစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မတ် ၁၇ ရက်နေ့က ကျင်းပသည့် (၇၀) ကြိမ်မြောက် အမျိုးသမီးများ၏…
daily-news မင်းကင်းတွင် ပျူစောထီးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းမိ၊ ဒေသခံများ စစ်ရေးသတိရှိရန် SRA သတိပေး March 19, 2026 Htet Ko PSM(News) မတ် ၁၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRA) က ထုတ်ပြန်သည်။ မင်းကင်းမြို့နယ်၊ မင်းရွာမှ ထွက်လာသော ပျူစောထီးများနှင့် SRA ကင်းလှည့်အဖွဲ့တို့သည် မတ်လ ၁၈ ရက်၊ နံနက် ၈ နာရီ၃၀မိနစ်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း…
daily-news အမည်ပြောင်းရုံဖြင့် စစ်ရာဇဝတ်ဂိုဏ်း၏ ဗီဇပြောင်းလဲမည်မဟုတ်၍ စစ်အုပ်စု၏ နိုင်ငံရေး လှည့်ကွက်များကို သတိပြုရန် JFM တိုက်တွန်း March 19, 2026 Htet Ko PSM(News) မတ် ၁၉၊ ၂၀၂၆ မြန်မာစစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံရေးအရ တရားဝင်မှုရရှိရန် အမည်နာမများ ပြောင်းလဲအသုံးပြုနေသော်လည်း ယင်းသည် ဗီဇရုပ်သွင်ကို ပြောင်းလဲနိုင်မည်မဟုတ်ဟု Justice For Myanmar (JFM) က ထုတ်ပြန်ထားသည်။ စစ်အုပ်စုက ပြုလုပ်လာသည့် အတုအယောင် လွှတ်တော်ခေါ်ယူမှုနှင့် အမည်နာမ ပြောင်းလဲမှုများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ဥပဒေမဲ့…
daily-news လေယာဉ်ဆီ အခက်အခဲကြောင့် ခရီးသည်များ အပိုအလေးချိန် ဝယ်ယူခွင့်ကို MAI ကန့်သတ် March 19, 2026 Htet Ko PSM(News) မတ် ၁၉၊ ၂၀၂၆ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) သည် လေယာဉ်ဆီ (Jet A1) ရရှိမှု အကန့်အသတ်ရှိနေခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲများကြောင့် ခရီးသည်များ၏ ခရီးဆောင်အိတ် အပိုအလေးချိန် ဝယ်ယူခွင့်နှင့် အဖွဲ့ဝင်ခံစားခွင့်များကို ယနေ့ မတ် ၁၉ ရက်နေမှစတင်ကာ ယာယီကန့်သတ်ကြောင်း ထုတ်ပြန်သည်။ လက်ရှိဖြစ်ပေါ်နေသော လေယာဉ်ဆီ ပြတ်လပ်မှုနှင့် ဆက်စပ်နေသော…
daily-news ကောလင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တဲများ ပြိုပျက်၊ မသန်စွမ်းကလေးငယ်ရှိသည့် မိခင်များအတွက် အရေးပေါ်အကူအညီလိုအပ်နေ March 19, 2026 Htet Ko PSM (News) မတ် ၁၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ယာယီတဲအိမ်အများအပြား ပြိုလဲပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကောလင်းနယ်အနောက်ခြမ်း၌ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းနောက်တွင် မိုးသည်းထန်စွာရွာသွန်းကာ…
daily-news စစ်ခေါင်ဆောင် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေသစ်ပြဌာန်းလိုက်ပြီး အဆိုပါ ဥပဒေတွင် နိုင်ငံသားများအား နိုင်ငံမဲ့ ဖြစ်စေနိုင်သည့် အချက်များပါဝင်နေ March 18, 2026 Htet Ko မောင်မောင်ကဲ/PSM News မတ် ၁၈၊ ၂၀၂၆ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ကို မတ်လ ၁၇ ရက်စွဲဖြင့် အသစ်ပြဌာန်းလိုက်ပြီး ဥပဒေပါ ပြဌာန်းချက်အချို့သည် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်ရန်နှင့် အကြပ်ကိုင်ရန်အတွက် လက်နက်သဖွယ် အသုံးချလာနိုင်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်၏ အခန်း (၅)၊ ပုဒ်မ ၂၉ (စ) တွင်…
daily-news ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား တစ်သိန်းနီးပါးရှိလာပြီး လစဉ် လူငယ် ၅,၀၀၀ ကျော် စုဆောင်းခံနေရ March 18, 2026 Htet Ko PSM (News) မတ် ၁၈၊ ၂၀၂၆ စစ်ကော်မရှင်က အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လက်ရှိအချိန်အထိ သင်တန်း ဆင်းပြီးသည့် တပ်သားအင်အား တစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (MDSI) ထံမှ သိရသည်။ MDSI ၏ လေ့လာဆန်းစစ်ချက်များအရ စစ်ကော်မရှင်သည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) အထိ သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကာ သင်တန်းအမှတ်စဉ်…
daily-news ယနေ့ည ကပြမည့် “မြန်မာဇာတ်ပွဲကြည့်ရအောင်” တော်လှန်ဇာတ်သဘင်တွင် အနုပညာရှင်များ စုံစုံလင်လင် ပါဝင်မည် March 18, 2026 Htet Ko ချယ်ရီကိုကို/ PSM (News) မတ် ၁၇၊ ၂၀၂၆ တော်လှန်ရေးနယ်ပယ်မှ နာမည်ကြီး သဘင်ပညာရှင်များစွာ စုပေါင်းဖျော်ဖြေကြမည့် “မြန်မာဇာတ်ပွဲ ကြည့်ရအောင်” ရန်ပုံငွေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယနေ့ မတ်လ ၁၈ ရက် ညပိုင်းတွင် တော်လှန်ဇာတ်သဘင် အစီအစဉ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်သဘင်ဖျော်ဖြေပွဲကို တော်လှန်ရေးကာလအတွင်း ပြည်သူများ…
daily-news MNDAA နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုကို ယာယီသမ္မတ ဒူဝါလရှီးလ ကြိုဆို၊ တော်လှန်ရေး အကျိုးကို ရှေးရှုရန် တိုက်တွန်း March 17, 2026 Htet Ko PSM (News) မတ် ၁၇၊ ၂၀၂၆ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေမှုကို အထူးဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက်…