Category: daily-news

စက်တင်ဘာလလယ်အထိ မိုးဆက်များမည်ဖြစ်ပြီး မြို့အချို့တွင် စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ပင်လယ်ပြင် လှိုင်းကြီးနိုင်

PSM (News) စက်တင်ဘာ ၄၊ ၂၀၂၆ လာမည့် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု ပုံမှန်ထက် ပိုမိုများပြားနိုင်သော်လည်း စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အတွင်း၌ မိုးရွာသွန်းနိုင်ခြေ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိလျော့ကျသွားမည်ဖြစ်ကြောင်း အမေရိကန်…

အာဏာလု စစ်အုပ်စုက ဗန်းမော်တွင် စစ်နိုင်နေပြီဟုလိမ်လည်ပြီး မန္တလေးတွင် စစ်ရှောင်နေသည့် တပ်မိသား စုများကို ရောပို့ခဲ့ခြင်းဖြစ်

PSM(News) စက်တင်ဘာ ၄၊ ၂၀၂၆ အာဏာလု စစ်အုပ်စုသည် မြို့တွင်းတိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ စစ်နိုင်နေပြီဟု လိမ်လည်ပြောဆို၍ မန္တလေးတွင် စစ်ဘေးရှောင်နေသည့် တပ်မိသားစုဝင်များကို ဗန်းမော်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နေသည့် CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က PSM (News) ကိုပြောသည်။ ရွှေကူမြို့နှင့် ဗန်းမော်မြို့ကြားရှိ စင်းခန်းတံတားအနီးတွင်…

စစ်အုပ်စု၏ စစ်ရေယာဉ်အချို့ နိဂုံးချုပ်ကာ တပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ရပြီးနောက် ရိက္ခာတင် စစ်သင်္ဘော ၇ စီး ဗန်းမော်သို့ ရောက်ရှိ

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ရေ ယာဉ်အုပ်စုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ စုပေါင်းတိုက်ခိုက်မှု ကြောင့် အထိအခိုက် ပျက်စီးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ရိက္ခာနှင့် စစ်ကူပစ္စည်းများ တင်ဆောင်လာသည့် စစ်သင်္ဘော ခုနစ် စီးမှာ ယနေ့ စက်တင်ဘာ…

ရိုဟင်ဂျာအရေး နိုင်ငံတကာ၏ ထုတ်ပြန်ချက်များမှာ နိုင်ငံရေးလှုံ့ဆော်မှုများသာဖြစ်သည်ဟု အာဏာလု စစ်အုပ်စု စွပ်စွဲ၍ ပယ်ချ

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာက ထုတ်ပြန်ထားသည့် ကြေညာချက်များသည် မြေပြင် ပကတိအခြေအနေမှန်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေး လှုံ့ဆော်မှုများသာ ဖြစ်သည်ဟုဆိုကာ အာဏာလု စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန် ပယ်ချလိုက်သည်။ ‎ အဆိုပါ…

အာဏာလု စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် ဗီယက်နမ်၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာဟု JFM ထုတ်ပြန်

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တရားဝင် ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်သည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၌ ဗီယက်နမ်၏ ကြံရာပါ ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်း ယနေ့ စက်တင်ဘာ ၃ ရက်တွင် Justice For Myanmar (JFM)…

ထားဝယ်နှင့် လောင်းလုံးတွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ထွက်ပြေး လာသည့် ၃ ဦးကို S.G.F ဖမ်းဆီးထိန်းသိမ်း

PSM(Nrews) စက်တင်ဘာ ၃၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် အချို့ လက် နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့သလို စခန်းမှ ထွက်ပြေးလာသူများကိုလည်း ဖမ်းဆီးရမိခဲ့ ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က ထုတ်ပြန်ထားသည်။ ထားဝယ်မြို့၊ စောမိညိုရပ်ကွက် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အာဏာလု စစ်တပ်မှ တပ်ဖွဲ့ဝင် ခုနစ် ဦးသည်…

မလှိုင်တွင် အာဏာလု စစ်အုပ်စုက အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၌ ယမန်နေ့ စက်တင်ဘာ ၂ ရက် ည ၉ နာရီခန့်တွင် ယာကြီးကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု စစ်ကြောင်းက လွှတ်တင်လိုက်သည့် ကာမီကာဇေ အသေခံ ဒရုန်း ၁ စီးသည် ဆည်တိုကျေးရွာအုပ်စု၊ ဆည်ကွဲကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့်…

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအန္တရာယ် မရှိနိုင်သော်လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေမည်

PSM (News) စက်တင်ဘာ ၃၊ ၂၀၂၆ ယခု စက်တင်ဘာလဆန်းပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မရှိဘဲ ရာသီဥတု တည်ငြိမ်နိုင်ကာ နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှု ပြန်လည် လျော့နည်းသွားမည် ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသ ကိန်းဂဏန်းပြ အချက်အလက်မြေပုံ (Tropical Tidbits) ၏ AIFS-ENS အချက်အလက်များ အရ သိရသည်။ လေထုအောက်ပိုင်း…

မော်ချီးမြို့ပေါ်ကို အာဏာလု စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံး

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ ခဲမဖြူ နှင့် အဖြိုက်နက် သတ္ထုများ ထွက်ရှိသည့် ကရင်နီပြည်နယ်၊ မော်ချီးမြို့ပေါ်သို့ အာဏာလု စစ်အုပ်စု က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် နှစ် ဦး အပါအဝင် အရပ်သား ခြောက် ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။…

ရွှေကူတွင် အာဏာလု စစ်အုပ်စု စစ်ရေယာဉ် ၄ စီး ပျက်စီးပြီး စစ်သား ၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ

PSM(News) စက်တင်ဘာ ၂ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ရေယာဉ် လေးစီး ထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘော နှစ် စီးပေါ်ရှိ စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်…