Author: Htet Ko

စစ်ဗိုလ်ချုပ်ကြီးများ၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် ကျပ် ၅ သိန်းနှင့် ဖုန်း ၂ လုံးအတွက် အသတ်ခံရခြင်းဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန်

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန်နှင့် လက်ရှိစစ်ခေါင်းဆောင် အာဏာလုသမ္မတ မင်းအောင်လှိုင်တို့အထိ အဓိက အခါတော်ပေး ကိုးကွယ်ခြင်းခံရသူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာ ဖေဉာဏ် (ခ) ဆရာ တော် ဦးပညာဝံသ သတ်ဖြတ်ခံရမှုသည် ငွေကျပ် ငါးသိန်းနှင့် ဖုန်း နှစ်လုံး လုယက်လိုမှုကြောင့်ဖြစ်ကြောင်း အာဏာလုစစ်အုပ်စုက ထုတ်ပြန်သည်။ ဆရာတော်ဦးပညာဝံသသည်…

စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာ

PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ္နမ် သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့ (ဇူလိုင် ၁၃) တွင် ပြောကြားခဲ့သည်။ မလေးရှားဘုရင် ဆူလ်တန် အီဘရာဟမ် ဆူလ်တန် အစ္စကန်ဒါ နှင့်…

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်နှင့် အီရန်တို့ အားပြိုင်မှုမြင့်တက်နေပြီး အမေရိကန်က ပိတ်ဆို့မှု ပြန်လည်စတင်

PSM(News) ဇူလိုင် ၁၄၊၂၀၂၆ ဟော်မုဇ်ရေလက်ကြား၏ ထိန်းချုပ်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ အီရန်နိုင်ငံက ကုန်တင်သင်္ဘောတစ်စင်းအား တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ပိတ်ဆို့မှုများကို ပြန်လည်စတင်ကြောင်းနှင့် ရေလက်ကြားအား ဖြတ်သန်းသည့် သင်္ဘောများအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်စစ်တပ်သည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်စခန်းများအပါအဝင်…

အိုဒက်ဆာဒေသတွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦး သေဆုံး

PSM (News) ဇူလိုင် ၁၄၊၂၀၂၆ ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာဒေသတွင် တိုဂိုနိုင်ငံအလံတင် ကုန်တင်သင်္ဘောတစ်စင်းအား ရုရှားက တိုက်ခိုက်ခဲ့မှုကြောင့် သင်္ဘောသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အိုလက်စီကူလီဘာ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောသည် သတ္တုမြေသြဇာများ တင်ဆောင်လာပြီး အိုဒက်ဆာဒေသရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ်…

ဇွန်လနှောင်းပိုင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် ဥရောပတွင် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့

PSM (News) ဇူလိုင် ၁၄၊၂၀၂၆ ဇွန်လနှောင်းပိုင်းတွင် ဥရောပတိုက် အနောက်ပိုင်းကို ရိုက်ခတ်ခဲ့သော စံချိန်တင် အပူလှိုင်းကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ EuroMOMO ကွန်ရက်၏ အချက်အလက်များအရ သေဆုံးသူ အများစုမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် အပူဒဏ်ကြောင့်ဖြစ်သော…

အာဆီယံနှင့် အာဏာလုစစ်အုပ်စုတို့၏ အလွတ်သဘောတွေ့ဆုံမှုသည် အာဆီယံတစ်ဖွဲ့လုံး၏ သဘော ထားပြောင်းလဲမှုမဟုတ်ဟု NUG ပြော

PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက်နေ့က ထိုင်းအစိုးရနှင့် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံခဲ့ပြီး အဆိုပါတွေဆုံမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းနေ့တွင်ပင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ…

ချောက်မြို့နယ်၌ အာဏာလုစစ်တပ်၏ ပုံမှားရိုက်စီးနင်းမှုကြောင့် PDF ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရမှုအပေါ် NUG နှင့် မကွေးတိုင်းဆေးတပ်ဖွဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်

PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အာဏာလုစစ်တပ်၏ အရပ်ဝတ်ဖြင့် ပုံမှားရိုက် စီးနင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဆေးတပ်ဖွဲ့တို့က ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့တွင် မကွေးခရိုင်မှ…

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်မှုနည်းပါးသည့်အပေါ် စင်္ကာပူ စိတ်ပျက်

PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးနှင့် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အားနည်းနေခြင်းနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါအစည်းအဝေးသို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်…

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေကြောင်းပိုင်နက် တောင်းဆိုမှုများမှာ တရားဝင်အခြေအမြစ်မရှိဟု နိုင်ငံပေါင်း (၁၄) နိုင်ငံပါဝင်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ

PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ရေကြောင်းပိုင်နက် တောင်းဆိုမှုများသည် တရားဥပဒေအရ အခြေအမြစ်မရှိကြောင်း ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိကန်နှင့် အခြားနိုင်ငံ (၁၁) နိုင်ငံတို့က တနင်္ဂနွေနေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။ ဤထုတ်ပြန်ချက်သည် နိုင်ငံတကာခုံရုံး၏ အရေးပါသော ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆…

ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာသွားလာနိုင်ရေး အမေရိကန်တပ်ဖွဲ့များ အသင့်ရှိနေဟု အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် ထုတ်ပြန်

PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ဟော်မုဇ်ရေလက်ကြားသည် သင်္ဘောများအားလုံးအတွက် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အာမခံနိုင်ရန် အမေရိကန်စစ်တပ်က “နေရာချထားပြီး အသင့်အနေအထား” ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းစစ်ဌာနချုပ် က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်သည် အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ပြီးနောက် အီရန်နိုင်ငံဘက်က အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို…