PSM (News)

ဇူလိုင် ၁၄၊၂၀၂၆

ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာဒေသတွင် တိုဂိုနိုင်ငံအလံတင် ကုန်တင်သင်္ဘောတစ်စင်းအား ရုရှားက တိုက်ခိုက်ခဲ့မှုကြောင့် သင်္ဘောသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အိုလက်စီကူလီဘာ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် သတ္တုမြေသြဇာများ တင်ဆောင်လာပြီး အိုဒက်ဆာဒေသရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ကီပါ က အတည်ပြုခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed