PSM(News)

ဇူလိုင် ၁၄၊၂၀၂၆

ဟော်မုဇ်ရေလက်ကြား၏ ထိန်းချုပ်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ အီရန်နိုင်ငံက ကုန်တင်သင်္ဘောတစ်စင်းအား တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ပိတ်ဆို့မှုများကို ပြန်လည်စတင်ကြောင်းနှင့် ရေလက်ကြားအား ဖြတ်သန်းသည့် သင်္ဘောများအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အမေရိကန်စစ်တပ်သည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်စခန်းများအပါအဝင် ပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့သည်။

အီရန်နိုင်ငံကလည်း ၎င်းတို့အနေဖြင့် ရေလက်ကြားကို တစ်ဦးတည်း ထိန်းချုပ်ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်၏ တောင်းဆိုချက်များကို လိုက်လျောမည်မဟုတ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

ကိုးကား-Reuters

By Htet Ko