PSM (News)

ဇူလိုင် ၁၄၊ ၂၀၂၆

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ္နမ် သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့ (ဇူလိုင် ၁၃) တွင် ပြောကြားခဲ့သည်။

မလေးရှားဘုရင် ဆူလ်တန် အီဘရာဟမ် ဆူလ်တန် အစ္စကန်ဒါ နှင့် တွေ့ဆုံစဉ် သမ္မတ သာမန်က ဂျိုဟိုး-စင်ကာပူ အထူးစီးပွားရေးဇုန်နှင့် မကြာမီ ပေါ်ပေါက်လာမည့် ဂျိုဟိုးဘာရူး-စင်ကာပူ အမြန်ရထားလမ်း (RTS Link) စီမံကိန်းများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတများအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

“ကမ္ဘာကြီးဟာ ပိုမိုကွဲပြားခြားနားလာတဲ့အချိန်မှာ ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာ ရှိတဲ့ ခိုင်မာတဲ့ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အချင်းချင်း ယုံကြည်အားကိုးနိုင်တယ်ဆိုတဲ့ အသိနဲ့အတူ ပိုမိုယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု သမ္မတ သာမန်က ဆိုသည်။

ကိုးကား-CNA

By Htet Ko