PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ဟော်မုဇ်ရေလက်ကြားသည် သင်္ဘောများအားလုံးအတွက် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အာမခံနိုင်ရန် အမေရိကန်စစ်တပ်က “နေရာချထားပြီး အသင့်အနေအထား” ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းစစ်ဌာနချုပ် က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်သည် အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ပြီးနောက် အီရန်နိုင်ငံဘက်က အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားထားသည်။ လက်ရှိတွင် အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ရေကြောင်းလုံခြုံရေးအတွက် အမေရိကန်ဘက်က အသင့်ပြင်ထားခြင်းဖြစ်သည်။ ကိုးကား-Reuters Post navigation ကနေဒါနိုင်ငံ၊တိုရွန်တိုမြို့ရှိ ပွဲတော်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေကြောင်းပိုင်နက် တောင်းဆိုမှုများမှာ တရားဝင်အခြေအမြစ်မရှိဟု နိုင်ငံပေါင်း (၁၄) နိုင်ငံပါဝင်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ