international news အိန္ဒိယသို့ ဦးတည်လာသည့် LPGတင် သင်္ဘောနှစ်စင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ခဲ့ကြောင်း အစိုးရထုတ်ပြန် March 30, 2026 Htet Ko PSM(NEWS) မတ် ၃၀၊၂၀၂၆ မီးဖိုချောင်သုံးဂတ်စ် (LPG) မက်ထရစ်တန်ချိန် ၉၄,၀၀၀ ခန့် တင်ဆောင်လာပြီး အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် ဓာတ်ငွေ့တင် သင်္ဘောနှစ်စင်းသည် ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ BW Tyrနှင့် BW Elm အမည်ရှိ အဆိုပါ ကုန်တင်သင်္ဘောများသည် မတ်လ ၃၁ ရက်နေ့တွင်…
international news အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းအနီး တရုတ်ကင်းလှည့်မှုများ ပြုလုပ် March 30, 2026 Htet Ko PSM(NEWS) မတ် ၃၀၊ ၂၀၂၆ တရုတ်နိုင်ငံသည် အငြင်းပွားဖွယ်ရာ စကာဘရော့ သန္တာကျောက်တန်းဝန်းကျင်တွင် ၎င်းတို့၏ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့် တနင်္ဂနွေနေ့က ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ သန္တာကျောက်တန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိသော်လည်း တရုတ်နိုင်ငံကလည်း ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ တောင်းဆိုထားသည့်နေရာဖြစ်သည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့သည်…
international news ဟော်မုဇ် ရေလက်ကြားသို့ စေလွှတ်ရန် ရေတပ်၏ အဆင့်မြင့် မိုင်းရှင်းလင်းရေး ဒရုန်းများ တပ်ဆင်ထားသည့် သင်္ဘော အဆင်သင့်ဖြစ်နေ March 30, 2026 Htet Ko PSM(NEWS) မတ် ၃၀ ၊ ၂၀၂၆ ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဗြိတိန်တော်ဝင်ရေတပ်သည် ၎င်းတို့၏ ကမ်းတက်ရေယာဉ်တစ်စင်းတွင် ခေတ်မီမိုင်းရှင်းလင်းရေးဒရုန်းများကို တပ်ဆင်လျက်ရှိကြောင်း သိရသည်။ RFA Lyme Bay ရေယာဉ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ၎င်းသည် ရေအောက်ဒရုန်းများနှင့် လူမဲ့မိုင်းရှင်းလင်းရေး လှေငယ်များကို စေလွှတ်နိုင်သည့် “ပင်မသင်္ဘောကြီး” အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ အဆိုပါ…
international news အမေရိကန်သမ္မတ ထရမ့်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း မြင့်တက်လာ March 29, 2026 Htet Ko PSM(NEWS) မတ် ၂၉၊ ၂၀၂၆ ပြီးခဲ့သည့် စနေနေ့ မတ်လ (၂၈) ရက်နေ့ကအမေရိကန်ပြည်ထောင်စုပြည်နယ်(၅၀)လုံးတွင်“ဘုရင်စနစ် မလိုချင် (No Kings)”ဟုအမည်ပေးထားသည့် ဆန္ဒပြပွဲပေါင်း ၃,၀၀၀ ကျော် ဖြစ်ပွားခဲ့သည်။ ၎င်းသည် ထရမ့်အစိုးရအပေါ် တတိယအကြိမ်မြောက် နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှု ဖြစ်သည်။ အမေရိကန်သမ္မတ၏ ထောက်ခံမှုနှုန်းမှာ ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ…
international news အမေရိကန်နိုင်ငံအထိပစ်ခတ်နိုင်သည့်ဒုံးကျည်အင်ဂျင်အသစ်ကို မြောက်ကိုရီးယား စမ်းသပ် March 29, 2026 Htet Ko PSM(NEWS) မတ် ၂၉၊၂၀၂၆ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည်နိုင်ငံ၏မဟာဗျူဟာမြောက် စစ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက်အဆင့်မြှင့်တင်ထားသောတွန်းအားပြင်းလောင်စာခဲအင်ဂျင်စမ်းသပ်မှုကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းမြောက်ကိုရီးယားအစိုးရပိုင်မီဒီယာကတနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်နှင့်၎င်း၏မဟာမိတ်များကိုပစ်မှတ်ထားနိုင်သည့်၊ထောက်လှမ်းရန်ခက်ခဲပြီး လျှင်မြန်စွာ ပစ်ခတ်နိုင်သောဒုံးကျည်များပိုင်ဆိုင်ရန်ကင်ဂျုံအန်း၏ရည်မှန်းချက်အရယခုစမ်းသပ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်မြောက်ကိုရီးယား၏အဆိုပါထုတ်ပြန်ချက်သည် ချဲ့ကားပြောဆိုမှုသာဖြစ်နိုင်ကြောင်းကျွမ်းကျင်သူအချို့ကသုံးသပ်ကြသည်။ ကာဗွန်ဖိုင်ဘာဖြင့်ပြုလုပ်ထားသောအင်ဂျင်၏မြေပြင်စမ်းသပ်မှုကိုကင်ဂျုံအန်းကိုယ်တိုင်ကြည့်ရှုခဲ့ကြောင်းကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA)ကဖော်ပြသည်။ အဆိုပါအင်ဂျင်၏အမြင့်ဆုံးတွန်းအားမှာ ၂,၅၀၀ ကီလိုတန် ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလက စမ်းသပ်ခဲ့သည့် အင်ဂျင်ထက် တွန်းအားပိုမိုပြင်းထန်လာကြောင်း သိရသည်။ မြောက်ကိုရီးယားသည်လောင်စာရည်သုံး ဒုံးကျည်များထက် ပစ်ခတ်ရန်ပြင်ဆင်ချိန်နည်းပါးသည့်လောင်စာခဲသုံးတိုက်ချင်းပစ်ဒုံးကျည်(ICBM)များထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အင်ဂျင်တွန်းအားပိုမိုကောင်းမွန်လာခြင်းကြောင့် ဒုံးကျည်များကို ပိုမိုသေးငယ်အောင်…
international news အီရန်နိုင်ငံအတွင်း ရက်သတ္တပတ်ပေါင်းများစွာ မြေပြင်စစ်ဆင်ရေး ဆင်နွှဲရန် ပင်တဂွန် စစ်ဌာနချုပ် ပြင်ဆင်နေ March 29, 2026 Htet Ko PSM(NEWS) မတ် ၂၉ ၊၂၀၂၆ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် အီရန်နိုင်ငံအတွင်း ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်မည့် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်း အမေရိကန်အရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအစီအစဉ်များတွင်အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့်ပုံမှန်ခြေလျင်တပ်ရင်းများဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများပါဝင်နိုင်ကြောင်းဝါရှင်တန်ပို့စ်ကဖော်ပြသည်။ သို့သော်လည်းအဆိုပါစစ်ဆင်ရေးအစီအစဉ်များကိုသမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပေးမည်လား ဆိုသည်မှာမူရှင်းလင်းစွာမသိရသေးကြောင်း ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်အစိုးရသည်အီရန်စစ်ပွဲငါးပတ်မြောက်ထဲသို့ရောက်ရှိလာသည်နှင့်အမျှအမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကိုအရှေ့အလယ်ပိုင်းဒေသသို့ဖြန့်ကြက်ချထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အမေရိကန် ကြည်းတပ်၏အမှတ်၈၂လေကြောင်းချီတပ်မမှစစ်သည်ထောင်ပေါင်းများစွာကိုလည်းအဆိုပါဒေသသို့ထပ်မံစေလွှတ်ရန်စီစဉ်လျက်ရှိသည်။ ကိုးကား Reuters
daily-news ရခိုင်တွင် AA ချိပ်ပိတ်ထားသည့် နေအိမ်အချို့ကို အသနားခံစာတင်ပြပါက ပြန်လည်စိစစ်၍ ပိုင်ရှင် များထံ လွှဲပြောင်းပေးအပ်နေ March 29, 2026 Htet Ko PSM(News) မတ် ၂၈၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများအပြီး အာရက္ခတပ်တော် (AA) က ချိပ်ပိတ်သိမ်းဆည်း ထားသည့် နေအိမ်များကို ပိုင်ရှင်များဘက်မှ အသနားခံစာတင်ပြလာပါက ပြန်လည်စိစစ်၍ မူလ ပိုင်ရှင်များထံ လွှဲ ပြောင်းပေးအပ်နေကြောင်း ယမန်နေ့ မတ် ၂၈ ရက် ညပိုင်းတွင် အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်း တော်လှန်ရေး…
international news ချွန်ဘူရီအနီး ပင်လယ်ပြင်တွင် အထောက်အထားမဲ့ ဒီဇယ်ဆီ လီတာ၈၅,၀၀၀တင်ဆောင်လာသည့်သင်္ဘောတစ်စင်းကိုထိုင်းအာဏာပိုင်များ ဖမ်းဆီး March 29, 2026 Htet Ko PSM(NEWS) မတ် ၂၉၊၂၀၂၆ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီပ ကမ်းလွန်ပင်လယ်ပြင်တွင် အရင်းအမြစ် တိတိကျကျ ဖော်ပြနိုင်ခြင်းမရှိသော ဒီဇယ်ဆီ လီတာပေါင်း ၈၅,၀၀၀ တင်ဆောင်လာသည့် သံသယဖြစ်ဖွယ် သင်္ဘောတစ်စင်းကို ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးလိုက်သည်။ မှတ်ပုံတင်အချက်အလက်များ ကိုက်ညီမှုမရှိခြင်းနှင့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံခြင်းတို့ကြောင့် အဆိုပါ တွန်းသင်္ဘောကို ထိုင်းရေတပ်နှင့် ယစ်မျိုးဌာန တာဝန်ရှိသူများက စစ်ဆေးရန်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ စစ်ဆေးချက်များအရ…
international news မိမိတို့နှင့် မသက်ဆိုင်သော ကမ္ဘာ့အကျပ်အတည်းများကြောင့် အာဖရိကတိုက် တဖန်ပြန်လည် အထိနာနေရ March 29, 2026 Htet Ko PSM(NEWS) မတ်၂၉၊၂၀၂၆ လာဂို့စ်မြို့မှ တက္ကစီမောင်းသူ အဒက်ဘိုလာ အိုင်းဆက် သည် ပြီးခဲ့သည့် အပတ်ကုန်က စက်သုံးဆီဆိုင်သို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ရသည်။ တစ်ကြိမ်သွားတိုင်း ဆီစျေးနှုန်းမှာ မြင့်တက်နေပြီး နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးမြို့တော်တွင် တစ်လီတာလျှင် ၁,၃၅၀ နိုင်ရာ (၀.၉၉ ဒေါ်လာ) အထိ ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ အီရန်စစ်ပွဲ စတင်ကတည်းက ၃၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ပြီး…
international news အမေရိကန်လေယာဉ်တင်သင်္ဘော Ford ပြုပြင်ထိန်းသိမ်းရန် ခရိုအေးရှားသို့ ဆိုက်ရောက် March 29, 2026 Htet Ko PSM(NEWS) မတ် ၂၉၊၂၀၂၆ အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည့် အမေရိကန်လေယာဉ်တင်သင်္ဘော Gerald R. Fordသည်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက်ခရိုအေးရှားနိုင်ငံ၊ အဒြီယက်တစ်ပင်လယ်ရှိ စပလစ်ဆိပ်ကမ်းသို့ စနေနေ့တွင် ဆိုက်ကပ်ခဲ့သည်။ အမေရိကန်၏ အသစ်ဆုံးနှင့် ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် Ford သည် ပင်လယ်နီအတွင်း Operation Epic Furyစစ်ဆင်ရေးကိုကူညီဆောင်ရွက်နေစဉ် မတ်လ ၁၂ ရက်နေ့က သင်္ဘော၏ အဝတ်လျှော်ခန်းတွင်…