PSM(NEWS)

မတ် ၂၉ ၊၂၀၂၆

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် အီရန်နိုင်ငံအတွင်း ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်မည့် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်း အမေရိကန်အရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါအစီအစဉ်များတွင်အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့်ပုံမှန်ခြေလျင်တပ်ရင်းများဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများပါဝင်နိုင်ကြောင်းဝါရှင်တန်ပို့စ်ကဖော်ပြသည်။ သို့သော်လည်းအဆိုပါစစ်ဆင်ရေးအစီအစဉ်များကိုသမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပေးမည်လား ဆိုသည်မှာမူရှင်းလင်းစွာမသိရသေးကြောင်း ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်အစိုးရသည်အီရန်စစ်ပွဲငါးပတ်မြောက်ထဲသို့ရောက်ရှိလာသည်နှင့်အမျှအမေရိကန်မရိန်းတပ်ဖွဲ့ဝင်များကိုအရှေ့အလယ်ပိုင်းဒေသသို့ဖြန့်ကြက်ချထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အမေရိကန် ကြည်းတပ်၏အမှတ်၈၂လေကြောင်းချီတပ်မမှစစ်သည်ထောင်ပေါင်းများစွာကိုလည်းအဆိုပါဒေသသို့ထပ်မံစေလွှတ်ရန်စီစဉ်လျက်ရှိသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed