PSM(NEWS)

မတ် ၂၉၊ ၂၀၂၆

ပြီးခဲ့သည့် စနေနေ့ မတ်လ (၂၈) ရက်နေ့ကအမေရိကန်ပြည်ထောင်စုပြည်နယ်(၅၀)လုံးတွင်“ဘုရင်စနစ် မလိုချင် (No Kings)”ဟုအမည်ပေးထားသည့် ဆန္ဒပြပွဲပေါင်း ၃,၀၀၀ ကျော် ဖြစ်ပွားခဲ့သည်။

၎င်းသည် ထရမ့်အစိုးရအပေါ် တတိယအကြိမ်မြောက် နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှု ဖြစ်သည်။

အမေရိကန်သမ္မတ၏ ထောက်ခံမှုနှုန်းမှာ ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ယင်းသို့ ဖြစ်ပွားရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသည့် လူကြိုက်မများသော စစ်ပွဲ၊ အမေရိကန်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများကြောင့် ပြည်သူများအကြား ကြီးမားသော ကန့်ကွက်ရှုတ်ချမှုများ ပေါ်ပေါက်လာခြင်းတို့ကြောင့် ဖြစ်သည်။

ဆန္ဒပြသူများသည် အထက်ပါ ဖြစ်ရပ်များအားလုံးအတွက် စိတ်ပျက် ဒေါသထွက်နေကြသည်။

ထို့အပြင် ၎င်းတို့သည် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အာရုံစိုက်နေကြသည်။ ရီပတ်ဘလစ်ကန်ပါတီသည် ကွန်ဂရက်လွှတ်တော်တွင် အမတ်နေရာ အနည်းငယ်သာ အသာစီးရထားသည့်အတွက် ယခုဆန္ဒပြပွဲများသည် ဒီမိုကရက်တစ်ပါတီ အားကောင်းရာ မြို့ကြီးများတွင်သာမက၊ ရွေးကောက်ပွဲရလဒ် အဆုံးအဖြတ်ပေးနိုင်သည့် မဲဆန္ဒနယ်များ (Swing Districts)တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိသည်။

ကိုးကား DW

By Htet Ko