PSM(NEWS)

မတ် ၂၉၊၂၀၂၆

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည်နိုင်ငံ၏မဟာဗျူဟာမြောက် စစ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက်အဆင့်မြှင့်တင်ထားသောတွန်းအားပြင်းလောင်စာခဲအင်ဂျင်စမ်းသပ်မှုကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းမြောက်ကိုရီးယားအစိုးရပိုင်မီဒီယာကတနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့်၎င်း၏မဟာမိတ်များကိုပစ်မှတ်ထားနိုင်သည့်၊ထောက်လှမ်းရန်ခက်ခဲပြီး လျှင်မြန်စွာ ပစ်ခတ်နိုင်သောဒုံးကျည်များပိုင်ဆိုင်ရန်ကင်ဂျုံအန်း၏ရည်မှန်းချက်အရယခုစမ်းသပ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်မြောက်ကိုရီးယား၏အဆိုပါထုတ်ပြန်ချက်သည် ချဲ့ကားပြောဆိုမှုသာဖြစ်နိုင်ကြောင်းကျွမ်းကျင်သူအချို့ကသုံးသပ်ကြသည်။

ကာဗွန်ဖိုင်ဘာဖြင့်ပြုလုပ်ထားသောအင်ဂျင်၏မြေပြင်စမ်းသပ်မှုကိုကင်ဂျုံအန်းကိုယ်တိုင်ကြည့်ရှုခဲ့ကြောင်းကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA)ကဖော်ပြသည်။

အဆိုပါအင်ဂျင်၏အမြင့်ဆုံးတွန်းအားမှာ ၂,၅၀၀ ကီလိုတန် ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလက စမ်းသပ်ခဲ့သည့် အင်ဂျင်ထက် တွန်းအားပိုမိုပြင်းထန်လာကြောင်း သိရသည်။

မြောက်ကိုရီးယားသည်လောင်စာရည်သုံး ဒုံးကျည်များထက် ပစ်ခတ်ရန်ပြင်ဆင်ချိန်နည်းပါးသည့်လောင်စာခဲသုံးတိုက်ချင်းပစ်ဒုံးကျည်(ICBM)များထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အင်ဂျင်တွန်းအားပိုမိုကောင်းမွန်လာခြင်းကြောင့် ဒုံးကျည်များကို ပိုမိုသေးငယ်အောင် ပြုလုပ်နိုင်ပြီး ရေငုပ်သင်္ဘောသို့မဟုတ်ရွှေ့လျားပစ်ခတ်ရေးယာဉ်များပေါ်မှပစ်ခတ်နိုင်မည်ဖြစ်ကြောင်းကျွမ်းကျင်သူများက ဆိုသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed