PSM(NEWS) မတ် ၂၉၊၂၀၂၆ အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည့် အမေရိကန်လေယာဉ်တင်သင်္ဘော Gerald R. Fordသည်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက်ခရိုအေးရှားနိုင်ငံ၊ အဒြီယက်တစ်ပင်လယ်ရှိ စပလစ်ဆိပ်ကမ်းသို့ စနေနေ့တွင် ဆိုက်ကပ်ခဲ့သည်။ အမေရိကန်၏ အသစ်ဆုံးနှင့် ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် Ford သည် ပင်လယ်နီအတွင်း Operation Epic Furyစစ်ဆင်ရေးကိုကူညီဆောင်ရွက်နေစဉ် မတ်လ ၁၂ ရက်နေ့က သင်္ဘော၏ အဝတ်လျှော်ခန်းတွင် မတော်တဆမီးလောင်မှုဖြစ်ပွားခဲ့ရာရေတပ်သား၃ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင်မီးခိုးငွေ့ကြောင့်ကျန်းမာရေးထိခိုက်ခဲ့သည့် ရေတပ်သား ၂၀၀နီးပါးကိုလည်းကုသပေးခဲ့ရကြောင်းအမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။မီးကိုထိန်းချုပ်နိုင်ရန်နာရီပေါင်းများစွာကြာမြင့်ခဲ့ပြီး အိပ်ဆောင်ပေါင်း ၁၀၀ခန့်ကို ထိခိုက်မှုရှိခဲ့သည်။ ယခုသင်္ဘောသည်တာဝန်ကျခဲ့သည်မှာ၉လရှိပြီဖြစ်ပြီးအရှေ့အလယ်ပိုင်းသို့မလာရောက်မီကာရစ်ဘီယံပင်လယ်ပြင်ရှိဗင်နီဇွဲလားရေး စစ်ဆင်ရေးများတွင်လည်းပါဝင်ခဲ့သည်။ထို့အပြင်တာဝန်ထမ်းဆောင်စဉ်အတွင်းသင်္ဘောပေါ်ရှိအိမ်သာပေါင်း၆၅၀ခန့်တွင်ရေပိုက်လိုင်းပြဿနာများဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ Ford သင်္ဘောသည် ဂရိနိုင်ငံ၊ ခရိကျွန်းရှိ ဆိုဒါပင်လယ်အော် တွင် ခေတ္တရပ်နားခဲ့ပြီးနောက်၊ အမေရိကန်၏မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)မဟာမိတ်ဖြစ်သောခရိုအေးရှားအစိုးရကယခုအပတ်အစောပိုင်းတွင်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ “USS Gerald R. Fordရဲ့ခရီးစဉ်အတွင်းမှာအမေရိကန်နဲ့ ခရိုအေးရှားတို့အကြား ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုဖို့အတွက် ဒေသခံအရာရှိတွေနဲ့ခေါင်းဆောင်တွေကိုဖိတ်ခေါ်တွေ့ဆုံသွားမှာဖြစ်ပါတယ်”ဟုခရိုအေးရှားနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကထုတ်ပြန်ခဲ့သည်။ အဆိုပါလေယာဉ်တင်သင်္ဘောပေါ်တွင် ရေတပ်သား ၅,၀၀၀ ကျော် တာဝန်ထမ်းဆောင်နေပြီး F-18 Super Hornetတိုက်လေယာဉ်များအပါအဝင် စစ်ဘက်ဆိုင်ရာ လေယာဉ် ၇၅စင်းကျော်တင်ဆောင်ထားသည်။ထို့အပြင်လေကြောင်းထိန်းသိမ်းရေးနှင့်ရေကြောင်းသွားလာရေးအတွက်အဆင့်မြင့်ရေဒါစနစ်များလည်း တပ်ဆင်ထားသည်။ ကိုးကား Reuters Post navigation လက်ဘနွန်သတင်းထောက် ၃ ဦး အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးကြောင်း Al Manar TV ထုတ်ပြန် မိမိတို့နှင့် မသက်ဆိုင်သော ကမ္ဘာ့အကျပ်အတည်းများကြောင့် အာဖရိကတိုက် တဖန်ပြန်လည် အထိနာနေရ