PSM(NEWS)

မတ် ၂၉၊၂၀၂၆

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီပ ကမ်းလွန်ပင်လယ်ပြင်တွင် အရင်းအမြစ် တိတိကျကျ ဖော်ပြနိုင်ခြင်းမရှိသော ဒီဇယ်ဆီ လီတာပေါင်း ၈၅,၀၀၀ တင်ဆောင်လာသည့် သံသယဖြစ်ဖွယ် သင်္ဘောတစ်စင်းကို ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးလိုက်သည်။

မှတ်ပုံတင်အချက်အလက်များ ကိုက်ညီမှုမရှိခြင်းနှင့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံခြင်းတို့ကြောင့် အဆိုပါ တွန်းသင်္ဘောကို ထိုင်းရေတပ်နှင့် ယစ်မျိုးဌာန တာဝန်ရှိသူများက စစ်ဆေးရန်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်များအရ အဆိုပါ စက်သုံးဆီများမှာ B0 အမျိုးအစား ဒီဇယ်ဆီများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး လက်ရှိတွင် အခွန်ရှောင်မှု သံသယဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်လျက်ရှိသည်။ အစောပိုင်း ခန့်မှန်းချက်များအရ ဒဏ်ကြေးငွေမှာ ဘတ် ၃.၈၅ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်းကျော်) ထက်မနည်း ကျသင့်နိုင်ကြောင်း သိရသည်။

ကမ္ဘာ့စက်သုံးဆီစျေးနှုန်းများ မတည်မငြိမ်ဖြစ်နေချိန်တွင် စက်သုံးဆီမှောင်ခိုကူးမှုကို အဓိကပစ်မှတ်ထား နှိမ်နင်းနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ရှေ့ဆက်၍လည်း စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။

ကိုးကား Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed