Month: August 2026

ရုရှားအွန်လိုင်းလက်လီရောင်းချရေးလုပ်ငန်းများကို တိုက်ခိုက်မှုများ တိုးမြှင့်လာစဉ် ယူကရိန်းက Ozon ကိုပါ ပစ်မှတ်ထားလာ

PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး အွန်လိုင်းလက်လီရောင်းချရေးကုမ္ပဏီဖြစ်သည့် Ozon ပိုင်ဆိုင်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်ရုံဗဟိုဌာနများကို ယူကရိန်းနိုင်ငံက ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း Reuters သတင်းဌာန တွင် ဖော်ပြထားသည်။ ဤတိုက်ခိုက်မှုများသည် စစ်ပွဲဒဏ်ကြောင့် ထိခိုက်နေသော ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် ပိုမိုထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ အွန်လိုင်းလက်လီကုမ္ပဏီများအပေါ် ဒရုန်းဖြင့် တိုက်ခိုက်သည့် မငြိမ်မသက်မှုများကို…

မလေးရှားနိုင်ငံ၊ဆူဘန်းဂျာရာမြို့ ရိုလာကိုစတာမတော်တဆမှုဖြစ်ပွားပြီး လူ ၁၀ ဦး ဒဏ်ရာရရှိ

PSM (News) ဩဂုတ် ၂၅၊၂၀၂၆ မလေးရှားနိုင်ငံ၊ ဆူဘန်းဂျာရာ (Subang Jaya) မြို့ရှိ အပန်းဖြေဥယျာဉ်တစ်ခုတွင် ရိုလာကိုစတာ စီးနင်းမှု မတော်တဆဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ခရိုင်ရဲမှူးကြီး အေစီပီ ဝမ် အဇ္ဇလန် ဝမ် မာမတ် ၏ ပြောကြားချက်အရ အဆိုပါဖြစ်ရပ်သည် စနေနေ့ ည…

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှု စည်းမျဉ်းများကို ဖောက်ဖျက်ပါက အရေးယူမည်ဟု အီရန် သတိပေး

PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ပါရှားပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA) က X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာရေး စည်းမျဉ်းများကို ဖောက်ဖျက်သည့် သင်္ဘောများကို ငွေဒဏ်ချမှတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း အပါအဝင် ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံက သတိပေးခဲ့သည်။ အဆိုပါ သတိပေးချက်သည် ကမ္ဘာ့စွမ်းအင်တင်ပို့မှုအတွက်…

ထိုင်းနိုင်ငံ၊ချွန်ပူရီတွင် လိုင်စင်မဲ့ တရုတ်ပိုင် ဓာတ်ငွေ့မီးဖိုစက်ရုံ စွန့်ပစ်ပစ္စည်းများ မြေမြှုပ်မှုဖြင့် အပိတ်ခံရ

PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘိုသောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးပိုင် စက်ရုံတစ်ရုံသည် ၎င်း၏စက်ရုံအနောက်ဘက်တွင် စက်ရုံစွန့်ပစ်ပစ္စည်းများကို မြေမြှုပ်ဖျောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံရမှုဖြင့် အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ ဓာတ်ငွေ့မီးဖိုများ ထုတ်လုပ်သည့် အဆိုပါစက်ရုံသည် လိုအပ်သော စက်ရုံလိုင်စင် မရှိဘဲ လည်ပတ်နေခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အာဏာပိုင်များသည် မြေမြှုပ်ထားသော စွန့်ပစ်ပစ္စည်းများကို တူးဖော်ခဲ့ပြီး ဒေသခံပြည်သူများနှင့်…

ကရင်နီထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်တပ်၏ အရက်၊ ဘီယာနှင့် ဆေးလိပ်ထုတ်ကုန်များ ရောင်းဝယ်သုံးစွဲသူများကို အရေးယူမည်ဟု သတိပေး

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေများအတွင်း အာဏာလုစစ်တပ်နှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေသော အရက်၊ ဘီယာနှင့် ဆေးလိပ် ထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများပြုလုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းအုပ် ချုပ်ရေး ကောင်စီများက သတိပေး ထုတ်ပြန်ထားသည်။ အဆိုပါ…

ကံပေါက်တွင် ကျားဖြန့်နှင့် စက်ရုံတိုးချဲ့ရန် ပြင်သည့် ဦးဇခုန်တိန့်ယိမ်း၏ Delco သတ္တုကုမ္ပဏီကို ရပ်ဆိုင်းရန် KBDF သတိပေး

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသရှိ Delco သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်မပြုလုပ်ဘဲ ချက်ချင်းရပ်ဆိုင်းရန် အမှတ် (၈၀၀၂) တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က သတိပေး ထုတ်ပြန်သည်။ Delco ကုမ္ပဏီသည် အာဏာလုစစ်အုပ်စုက ကျောထောက်နောက်ခံပြုထားသည့်…

မိုင်းငေါ့ရှိ ရွှေလုပ်ငန်းခွင် မြေပြိုကျမှုကြောင့် လုပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား၍ အသက် (၃၇) နှစ်အရွယ် ရွှေကျင်းလုပ်သား ဦးသက်ပိုင်စိုး သေဆုံးခဲ့ပြီး လုပ်သား ကိုကျော်ငြိမ်း ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၀…

အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းနေ၍ ဒေသအများအပြားတွင် မိုးဆက်လက်ကြီးမည်၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ဧရာဝတီတိုင်းတွင် ရေအကျနှေးနိုင်ဟု သတိပေး

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ မုန်တိုင်းများ၏ အရှိန်နှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် အနောက်တောင် မုတ်သုံလေသည် ဩဂုတ်လကုန်ပိုင်းအထိ အားကောင်းရာမှ အားလွန်ကောင်းနေမည်ဖြစ်၍ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ကြောင်း သိရသည်။ တုံကင်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေသည့် အပူပိုင်းမုန်တိုင်း နာရာ (NARRA) နှင့် ပစိဖိတ်…

တေးသံရှင် ကိုင်ဇာ၏ ရုပ်ကလာပ်ကို ယနေ့ ညနေပိုင်းတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်၍ မွန်းလွဲ ၂ နာရီတွင် နေအိမ်မှ ကားများစတင်ထွက်ခွာမည်

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ ကွယ်လွန်သူ တေးရေး၊ တေးဆို ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ ရုပ်ကလာပ်ကို ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (တနင်္လာနေ့) ညနေ ၄ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်သည်။ လိုက်ပါပို့ဆောင်လိုသည့် ပရိသတ်များနှင့် မိတ်ဆွေအပေါင်းအသင်းများအတွက် မရမ်းကုန်းမြို့နယ်၊…

ပါကစ္စတန် စစ်ဦးစီးချုပ် တီဟီရန်မြို့သို့ တနင်္လာနေ့တွင် သွားရောက်မည်

PSM (News) ဩဂုတ် ၂၄၊၂၀၂၆ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆောင်ကြဉ်းရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် ပါကစ္စတန် စစ်ဦးစီးချုပ် ဖီးလ်ရှာဘီ အာဆင် မူနီယာသည် တနင်္လာနေ့တွင် အီရန်နိုင်ငံ တီဟီရန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင်ထုတ်ပြန်သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် အီရန်နှင့် အမေရိကန်တို့အကြား ဆွေးနွေးပွဲများတွင်…