PSM (News)

ဩဂုတ် ၂၄၊၂၀၂၆

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆောင်ကြဉ်းရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် ပါကစ္စတန် စစ်ဦးစီးချုပ် ဖီးလ်ရှာဘီ အာဆင် မူနီယာသည် တနင်္လာနေ့တွင် အီရန်နိုင်ငံ တီဟီရန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင်ထုတ်ပြန်သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် အီရန်နှင့် အမေရိကန်တို့အကြား ဆွေးနွေးပွဲများတွင် ပါကစ္စတန်က ကြားဝင်ဖန်တီးပေးသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါခရီးစဉ်အတွင်း အစ္စလာမာဘတ်၏ နားလည်မှုစာချွန်လွှာ၊ အမေရိကန် သမ္မတ ဒေါ်နယ်ထမ့်၏ တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်ချက်များနှင့် ဟူသီ ပြဿနာများကို အီရန်ခေါင်းဆောင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။

ယခုခရီးစဉ်သည် အီရန်နိုင်ငံအပေါ် သမိုင်းတစ်လျှောက် အတင်းကျပ်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန်၏ စီစဉ်မှုများကြောင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *