Month: August 2026

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စု ထောက်ပို့ရေယာဉ်အုပ်စုကို KIA ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်၍ ရွှေကူနှင့် ကသာကြား တိုက်ပွဲများ ပြင်းထန်နေ

PSM(News) ဩဂုတ် ၂၇ ၊ ၂၀၂၆ မန္တလေးမှ ဆန်တက်လာသည့် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာသော စစ်အုပ်စု၏ ထောက်ပို့ ရေယာဉ်အုပ်စုကြောင့် ရွှေကူနှင့် ကသာမြို့ကြားရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သို့ ရောက်ရှိနေသည့်…

စစ်အုပ်စု၏ ဖြတ်လေးဖြတ် မဟာဗျူဟာကြောင့် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေးကြုံနေရဟု လုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ စစ်အုပ်စုက လယ်ယာ၊ သီးနှံနှင့် စားနပ်ရိက္ခာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးသည့် ရက်စက်သော “ဖြတ်လေးဖြတ်” မဟာဗျူဟာကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ရေး အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး…

ရန်ကုန်တွင် စစ်အုပ်စု၏ ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် Chinland FC ကစားသမား အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ

PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ အရပ်ဝတ်အဖွဲ့ဝင်များက ရန်ကုန်မြို့နယ်အသီးသီးတွင် အိမ်စီးကားများဖြင့် လူငယ်များကို ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေပြီး Myanmar League ပြိုင်ပွဲဝင် Chinland FC အသင်း၏ အသက် ၂၂ နှစ်အရွယ် ကစားသမား ပါလုံ (Pa Lung)…

နိုင်ငံတစ်ဝန်း မိုးများနေဦးမည်ဖြစ်ပြီး ဘားအံ၊ မြဝတီ၊ ဘီးလင်း၊ ရွှေကျင်နှင့် မဒေါက်တို့တွင် မြစ်ရေ စိုးရိမ်ရေအမှတ်သို့ ပြန်တက်မည်

PSM (News) ဩဂုတ် ၂၇ ၊ ၂၀၂၆ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်၊ အပူပိုင်းမုန်တိုင်း နာရာ (NARRA)၏ လေဖိအားနည်းရပ်ဝန်းနှင့် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းမွန်မှု တို့ကြောင့် နိုင်ငံတစ်ဝန်း မိုးများပြီး မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ထိုင်းမိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ အထူးသဖြင့် လာမည့် နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊…

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ အကြီးဆုံး Wildberries သိုလှောင်ရုံ ၁၀ ခုအနက် ၈ ခုထိခိုက်ပျက်စီး

PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ ရုရှားနိုင်ငံ၊ တမ်ဘော့ဒေသ၊ ကိုတော့ဖ်မြို့ရှိ Wildberries ကုန်တိုက်ကြီးတစ်ခုမှာ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုအသစ်ကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရသည်။ ဤဖြစ်ရပ်သည် ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှစ၍ ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ကုမ္ပဏီ၏ အကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် ၁၀ ခုအနက် အဋ္ဌမမြောက် ပိတ်သိမ်းခဲ့ရသည့် သိုလှောင်ရုံ ဖြစ်လာခဲ့ကြောင်း လွတ်လပ်သော…

ဂျယ်ဂျူးကျွန်း ပျောက်ဆုံးသူများ အမှုနှင့် ရဲတပ်ဖွဲ့ တာဝန်ယူမှု တာဝန်ခံမှု မြှင့်တင်ရန် သမ္မတ လီဂျေမြောင်း တောင်းဆိုချက်

PSM (News) ဩဂုတ် ၂၇၊၂၀၂၆ တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်း ရှိ ပျောက်ဆုံးသူများ အမှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်၍ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပိုမိုမြှင့်တင်ကြရန် သမ္မတ လီဂျေမြောင်းက တောင်းဆိုလိုက်သည်။ ရဲတပ်ဖွဲ့အနေဖြင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာတော့မည့် အချိန်နှင့်…

မြို့တော်ဝန်က ပတ္တယားမြို့သည် အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ဦးကို လက်ခံရန် အသင့်ရှိနေကြောင်း ပြောကြား

PSM (News) ဩဂုတ် ၂၇၊၂၀၂၆ USS Abraham Lincoln လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှ အမေရိကန်ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်သည်အရှေ့အလယ်ပိုင်းဒေသတွင် ရက်ပေါင်း ၂၀၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂ ရက်မှ ၆ ရက်အထိ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားသည်။ အဆိုပါကို တပ်ဖွဲ့ဝင်များကိုလက်ခံကြိုဆိုရန် မြို့တော်အနေဖြင့် ပြင်ဆင်လျက်ရှိကြောင်း ပတ္တယားမြို့တော်ဝန်…

နီပေါ-တိဘက် နယ်စပ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၉ ဦးသေဆုံးပြီး ခရီးသွား ရာနှင့်ချီ ပျောက်ဆုံးနေ

PSM (News) ဩဂုတ် ၂၇၊၂၀၂၆ နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ တိဘက်နယ်စပ်ရှိ ဟိမဝန္တာဒေသတွင် အပြင်းအထန် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ခရီးသွား ရာနှင့်ချီ ပျောက်ဆုံးနေကြောင်း သိရသည်။ နီပေါဘက်ခြမ်းတွင် လူ ၉ ဦး သေဆုံးခဲ့ပြီး ခရီးသွား ၃၈၄ ဦး ပျောက်ဆုံးနေသည်။ ၎င်းတို့တွင်…

ရေဘေးကြုံနေရသည့် ၁၅ ရက်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦး သေဆုံး၊ စစ်ကိုင်းတိုင်းတွင် အဆိုးဝါးဆုံး ကြုံတွေ့ရ

PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဩဂုတ် ၈ ရက်မှ ၂၃ ရက်အထိ ၁၅ ရက်အတွင်း အာဏာလု စစ်အုပ်စုက ဒေသ ၁၁ ခုကို လေကြောင်းမှ အကြိမ်ပေါင်း ၂၃၉ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၈၈ ဦး သေဆုံးခဲ့ကြောင်း…

မြိတ်-ထားဝယ်ခရိုင်ရှိ စစ်တပ်စခန်းကို KNDO ဝင်ရောက်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ

PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (လယ်မူလားမြို့နယ်)၊ တုံးဗျောကျေးရွာတွင် တပ်စွဲထားသည့် အာဏာလု စစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာ၌…