PSM (News)

ဩဂုတ် ၂၇၊၂၀၂၆

တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်း ရှိ ပျောက်ဆုံးသူများ အမှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်၍ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပိုမိုမြှင့်တင်ကြရန် သမ္မတ လီဂျေမြောင်းက တောင်းဆိုလိုက်သည်။

ရဲတပ်ဖွဲ့အနေဖြင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာတော့မည့် အချိန်နှင့် တိုက်ဆိုင်နေချိန်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ လီဂျေမြောင်းက အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားရာ၌ ရဲတပ်ဖွဲ့သည် နိုင်ငံတော် အဖွဲ့အစည်းများအနက် အကြီးမားဆုံး အာဏာကို ကျင့်သုံးရမည့် အနေအထားတွင် ရှိနေသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ခြင်း ရှိ မရှိကို ပြည်သူများက မေးခွန်းထုတ်နေကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဂျယ်ဂျူးကျွန်းတွင် ပျောက်ဆုံးသွားကြောင်း သတင်းပေးပို့ခံရသူ ၄ ဦး၏ ရုပ်အလောင်းများကို တနင်္လာနေ့အထိ သုံးရက်အတွင်း ဆက်တိုက် ရှာဖွေတွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ပေါ့ဆမှု: အဆိုပါ အမှုများသည် သီးခြားစီ ဖြစ်သော်လည်း၊ ပျောက်ဆုံးနေသူများ ဘေးကင်းလုံခြုံမှု ရှိမရှိကို အတည်ပြုခြင်းမရှိဘဲ ရဲအရာရှိ တစ်ဦးတည်းကပင် အမှုနှစ်မှုကို ပိတ်သိမ်းခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်။

ဖတရားရုံးက သက်ဆိုင်ရာ ရဲအရာရှိကို တာဝန်ဝတ္တရား ပေါ့ဆမှု၊ တရားဝင် အီလက်ထရွန်နစ် မှတ်တမ်းများ အတုပြုလုပ်မှုနှင့် တရားဝင် လုပ်ငန်းဆောင်တာများကို နှောင့်ယှက်မှု စွဲချက်များဖြင့် အင်္ဂါနေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *