daily-news မြန်မာနိုင်ငံနှင့် ဆွေးနွေးရာတွင် လူ့အခွင့်အရေးကို ဦးစားပေးရန် ထိုင်းနိုင်ငံကို Amnesty International တိုက်တွန်း August 7, 2026 Htet Ko PSM(News) ဩဂုတ်၇ ၊၂၀၂၆ အာဏာလုသမ္မတ မင်းအောင်လှိုင်၏ သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့ ခရီးစဉ်အတွင်း လူ့အခွင့်အရေး၊ အရပ်သားများ ကာကွယ်ရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အဓိကထား ဆွေးနွေးကြရန် Amnesty Internationalက ထိုင်းအစိုးရကို တိုက်တွန်းလိုက်သည်။ သြဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ပြုလုပ်မည့် မြန်မာအာဏာလုသမ္မတ မင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်အတွင်း…
daily-news ဆိုက်ဘာငွေလိမ် ကျားဖြန့်လုပ်ငန်းများ၏ အဓိက ဇစ်မြစ်မှာ အာဏာလု စစ်အုပ်စုဖြစ်၍ မိတ်ဖက် အဖြစ် မသတ်မှတ်ဘဲ စစ်တပ်ကို ဖျက်သိမ်းရမည်ဟု JFM ထုတ်ပြန် August 6, 2026 Htet Ko PSM(News) ဩဂုတ် ၆၊ ၂၀၂၆ မြန်မာနိုင်ငံအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကို ထိခိုက်ဆုံးရှုံးစေသည့် ဆိုက်ဘာငွေလိမ် (ကျားဖြန့်) လုပ်ငန်းကြီးများ ကြီးထွားပြန့်ပွားနေရခြင်း၏ အရင်းခံ ဇစ်မြစ်မှာ အာဏာလု စစ်အုပ်စုပင် ဖြစ်သဖြင့် ၎င်းတို့ကို မိတ်ဖက်အဖြစ် သတ်မှတ်၍မရဘဲ အာဏာလု စစ်တပ်နှင့် ပြည်သူ့စစ်များကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း Justice For Myanmar (JFM) က ယနေ့…
daily-news အာဏာလု သမ္မတ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို ထိုင်းနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်း လုပ်သား များ UN ရုံးရှေ့တွင် ဆန္ဒပြ၊ ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရေးဖျက်ဆီးရန် တောင်းဆို August 6, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဩဂုတ် ၆၊ ၂၀၂၆ ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့် အာဏာလု သမ္မတ မင်းအောင်လှိုင်ကို ကန့်ကွက်ဆန့်ကျင်သည့် အနေဖြင့် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသူ River and…
daily-news ရှေးဟောင်းမြို့တော် မြောက်ဦးကို အာဏာလု စစ်တပ်က ညအချိန် လေယာဉ်အုပ်စုလိုက်သုံး၍ ဗုံးအလုံး ၃၀ ကျော် ကြဲချ၊ စစ်ဘေးနှင့် ရေဘေးရှောင်များ ထိခိုက်ဒဏ်ရာရ August 6, 2026 Htet Ko PSM (News) ဩဂုတ် ၆၊ ၂၀၂၆ စစ်ကိုင်းနှင့် ရခိုင် စစ်မျက်နှာများတွင် အထိနာနေသည့် အာဏာလု စစ်အုပ်စုသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးမြို့ကို ဩဂုတ်လ ၄ ရက် ညပိုင်းတွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ် အုပ်စုလိုက်သုံး၍ တစ်နာရီကျော်ကြာ ဗုံးအလုံးရေ ၃၀ ကျော် မရပ်မနား…
international news ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ကနေဒါနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် တရုတ်တက်ကြွလှုပ်ရှားသူ ကျန်းရှင်းယန် August 6, 2026 Htet Ko PSM (News) ဩဂုတ် ၆၊ ၂၀၂၆ ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဗန်ကူးဗားမြို့သို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသော တရုတ်တက်ကြွလှုပ်ရှားသူ ကျန်းရှင်းယန်သည် ကနေဒာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ ထောက်ခံသူများကို ကိုးကား၍ The Globe and Mail သတင်းစာက ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျန်းသည် ထိုင်းနိုင်ငံမှ ထွက်ခွာခွင့်ရရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် ဗန်ကူးဗား…
daily-news အသက်အန္တရာယ် စိုးရိမ်ရပါက မြန်မာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်မဟုတ် August 6, 2026 Htet Ko PSM (News) ဩဂုတ် ၆၊၂၀၂၆ မလေးရှားနိုင်ငံသည် ၎င်းတို့၏ အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိကြောင်း တွေ့ရှိရပါက မြန်မာနိုင်ငံသား ဒုက္ခသည် (၅,၀၀၀) ကို ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စီစဉ်ထားသော လွှဲပြောင်းမှုမတိုင်မီ ဒုက္ခသည်များကို စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က…
international news ရုရှား၏ ဒုံးကျည် တိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံတွင် လူ ၁၇ ဦး သေဆုံးပြီး ဂိုဒေါင်များနှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာများ ပျက်စီး August 6, 2026 Htet Ko PSM(News) ဩဂုတ် ၆၊၂၀၂၆ ရုရှားနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကိဗ် မြို့နှင့် အနီးတစ်ဝိုက်သို့ ပဲ့ထိန်းဒုံးကျည် ဒါဇင်နှင့်ချီကာ ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး အဓိပ္ပာယ်ရှိသော လက်လီရောင်းချသူများ၏ ဂိုဒေါင်များနှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာများ ပျက်စီးခဲ့ကြောင်း ယူကရိန်း အရာရှိများက ပြောကြားခဲ့သည်။ လေကြောင်း ကာကွယ်ရေး ဒုံးကျည်များ ပြတ်လပ်မှုကြောင့် ယူကရိန်းနိုင်ငံသည်…
international news ဂါဇာတွင် ၁၁၂ ဦး၏ ရုပ်အလောင်းများအစုလိုက်အပြုံလိုက် သဂြိုဟ် August 6, 2026 Htet Ko PSM (News) ဩဂုတ် ၆၊၂၀၂၆ ဂါဇာကမ်းဒေသတွင် ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သော အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး နောက်ပိုင်းမှ ပြန်လည်ဆယ်ထုတ်နိုင်ခဲ့သည့် ရုပ်အလောင်း ၁၁၂ လောင်းအတွက် အစုလိုက်အပြုံလိုက် သဂြိုဟ်ပွဲကို အင်္ဂါနေ့က ကျင်းပခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာစီးတီးရှိ ဆာဘရာ ရပ်ကွက်ရှိ လူနေတိုက်ခန်းတွဲများကို စစ်လေယာဉ်များက…
daily-news ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုကို ကြိုဆိုသော်လည်း အာဏာလု စစ်အုပ်စု တရားဝင်မှုရရေး အသုံးချခွင့်မပြုရန် NUG သတိပေး August 5, 2026 Htet Ko PSM(News) ဩဂုတ် ၅၊ ၂၀၂၆ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သွားရောက်တွေ့ဆုံခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုသော်လည်း အဆိုပါတွေ့ဆုံမှုကို အာဏာလု စစ်အုပ်စုက နိုင်ငံရေးအရ တရားဝင်မှုရရှိရေး အသုံးချခွင့် မပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သတိပေးလိုက်သည်။…
daily-news ရခိုင်တွင် အထိနာနေသည့် အာဏာလု စစ်အုပ်စုက ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်နေ August 5, 2026 Htet Ko PSM (News) ဩဂုတ် ၅၊ ၂၀၂၆ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တွင် အထိနာနေ၍ လေကြောင်းနှင့် ရေကြောင်းသုံးကာ အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာလု စစ်အုပ်စုသည် ဧရာဝတီတိုင်း နနယ်စပ်ဘက်သို့ စစ်မျက်နှာများ ချဲ့ထွင်ထိုးစစ်ဆင်လာ တိုက်ပွဲများ ပြင်းထန်လျက်ရှိ ကြောင်း သိရသည်။ စစ်တပ်နှင့် AA တို့သည် ပြီးခဲ့သည့် ဩဂုတ်…