PSM (News) ဩဂုတ် ၆၊၂၀၂၆ ဂါဇာကမ်းဒေသတွင် ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သော အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး နောက်ပိုင်းမှ ပြန်လည်ဆယ်ထုတ်နိုင်ခဲ့သည့် ရုပ်အလောင်း ၁၁၂ လောင်းအတွက် အစုလိုက်အပြုံလိုက် သဂြိုဟ်ပွဲကို အင်္ဂါနေ့က ကျင်းပခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာစီးတီးရှိ ဆာဘရာ ရပ်ကွက်ရှိ လူနေတိုက်ခန်းတွဲများကို စစ်လေယာဉ်များက ဗုံးကြဲချဖျက်ဆီးခဲ့ခြင်းကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရသည်။ ထိုစဉ်က အပျက်အစီးများကြားမှ ရုပ်အလောင်း ၄၀ ကိုသာ အပြေးအလွှား ဆယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိသည့် အလောင်းများသည် အပျက်အစီးများအောက်တွင် နက်ရှိုင်းစွာ မြုပ်သွားခဲ့သည်။ ယခုအခါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ကယ်ဆယ်ရေးသမားများသည် အဆိုပါ အပျက်အစီးများကို တူးဖော်ကာ ကလေးငယ် ၄၀ အပါအဝင် ရုပ်အလောင်း ၁၁၂ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။ သို့သော်လည်း ပျောက်ဆုံးနေဆဲ ရုပ်အလောင်း ၁၅၇ လောင်း ရှိနေသေးကြောင်း သိရသည်။ ဂါဇာတစ်ဝန်းတွင် အပျက်အသဘောများအောက်၌ ပျောက်ဆုံးနေသူ အနည်းဆုံး ၇,၄၀၀ ခန့် ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ ကိုးကား-New Arab Post navigation ဟော်မုဇ်ရေလက်ကြား ဝင်ရောက်လာသည့် သင်္ဘောများကို အီရန်က ထိန်းချုပ်လိုပြီး ထွက်ခွာသည့် သင်္ဘောများကိုလည်း စောင့်ကြည့်လိုဟု သတင်းရင်းမြစ် ပြော ရုရှား၏ ဒုံးကျည် တိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံတွင် လူ ၁၇ ဦး သေဆုံးပြီး ဂိုဒေါင်များနှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာများ ပျက်စီး