PSM(News)

သြဂုတ် ၃၁၊ ၂၀၂၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများမှနေ၍ စစ်အုပ်စုစစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်ပြေး ငါး ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း သရက်ခရိုင် တပ်ရင်း (၄) မှ ကိုမြတ် က PSM ကို ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့က မင်းတုန်းမြို့အတွင်းသို့ စစ်အင်အား ၂၀၀၀ ခန့် ကို ပို့ဆောင်ပြီးနောက် မင်းတုန်းမြို့နယ်အနောက်ခြမ်းရှိ ရခိုင်ရိုးမတောင်ခြေနှင့် ထိစပ်နေ‌သော ဒေသများသို့ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

” မင်းတုံးကို ဒါက ဒုတိယအကြိမ်။ ပထမ အကြိမ်ကတော့ ‌၄လပိုင်းကုန် ၅လပိုင်း လောက် ကတည်းက အင်အား ၁၀၀၀ လောက်ပို့ပြီးတော့ စစ်ကြောင်းထိုးနေတာရှိတယ်။ အဲဒီမှာ သူတို့ ရှေ့မတိုးနိုင်တဲ့ အတွက် အခု ၁၅၀၀၊ ၂၀၀၀ခန့် ထပ်ဖြည့်ပြီးထိုးတာ ” ဟု ကိုမြတ်ကဆိုသည်။

လက်ရှိ စစ်ကြောင်းသည့် မင်းတုန်းမြို့ကနေ မြို့နယ် အနောက်ပိုင်း ရခိုင်ရိုးမ တောင်ခြေနှင့် ထိစပ်နေသော ဒေသများသို့ ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့်သာရှိ‌သေးကြောင်း ၎င်းကဆက်ပြောသည်။

” သုံ့ပန်းက ငါး ဦးပါ။ အခု ကျွန်တာ်တို့ သုံ့ပန်းတွေ ဖမ်းမိတယ်ဆိုတာက မနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဖမ်းမိတာ မဟုတ်ပါဘူး။ အနောက်ခြမ်းထဲကကျန်တဲ့ စစ်ကြောင်းတစ်ခုကနေ ထွက်ပြေးလာတာကို ဖမ်းမိတာပါ ” ဟု ကိုမြတ်က ဖမ်းဆီးရမိသည့် အခြေအနေကို ရှင်းပြသည်။

စစ်အုပ်စုသည် မင်းတုန်းမြို့နယ်အနောက်ပိုင်း ပြန် လည် စိုးမိုးနိုင်ရေး၊ မကွေးတိုင်းနှင့် ရခိုင်ပြည် နယ် သို့ ဆက်သွယ်ထားသည့် မင်း‎တုန်း – မအီ ကုန်သွယ်ရေးလမ်းကြောင်းတို့ကို ‎ဖြတ်တောင် နိုင်ရေးတို့အတွက် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ် သည်။

ဧပြီလနှောင်းပိုင်း၌ အင်အား ၁၀၀၀ ခန့်ဖြင့် ပထမ အကြိမ် ထိုးစစ်ဆင်ခဲ့‌‌သော်လည်း AA၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် အထိနာက တပ်လန်ကျခဲ့ပြီး ယခုအခါအင်အား ၂၀၀၀ ခန့်ကို အသုံးပြုကာ ဒုတိယ အကြိမ် ထိုးစစ်ဆင်နေခြင်းဖြစ် သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *