PSM News

ဩဂုတ် ၃၁၊ ၂၀၂၆

မြောက်ပိုင်း ဆိုက်ပရပ်စ်ကမ်းလွန်တွင် တနင်္ဂနွေနေ့က ခရီးသည်တင် ကာတာမာရန် (catamaran) သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ခုနစ်ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ကျီရီးနီးယား (Kyrenia) ဆိပ်ကမ်းမှ နေ့လယ် ၁၂ နာရီခွဲခန့်က ထွက်ခွာလာခဲ့သည့် ဖီလိုဂျက် (FILOJET) သင်္ဘောသည် ရေစတင်ဝင်ရောက်ခဲ့ပြီး ကမ်းလွန်လေးမိုင်ခန့်အကွာတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

သင်္ဘောပေါ်တွင် ခရီးသည် ၂၅၉ ဦးနှင့် သင်္ဘောသား ၈ ဦး စုစုပေါင်း လူ ၂၆၇ ဦး လိုက်ပါသွားခဲ့ပြီး လက်ရှိတွင် ခရီးသည် ၂၃၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း တူရကီ ဆိုက်ပရပ်စ်ခေါင်းဆောင် တူဖန် အာဟူမန်က အတည်ပြု ပြောကြားသည်။

သို့သော် လူ ခုနစ်ဦး သေဆုံးကာ နောက်ထပ် လူ ၂၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အပြင်းအထန် ရှာဖွေလျက်ရှိကြောင်း ၎င်းက ဩဂုတ်လ ၃၀ ရက် တွင် ပြောကြားခဲ့သည်။

စနေနေ့က ပြင်းထန်သော မုန်တိုင်းများ တိုက်ခတ်ခဲ့မှုရှိသော်လည်း ခရီးစဉ်စတင်ထွက်ခွာချိန်တွင် ရာသီဥတုမှာ ခရီးသွားလာရန် သင့်လျော်သည်ဟု ယူဆခဲ့ကြောင်း အာဟူรမန်က ထည့်သွင်းပြောကြားခဲ့ပြီး တူရကီနှင့် ဒေသတွင်း ကယ်ဆယ်ရေး သင်္ဘောများ၊ ရဟတ်ယာဉ်များကို အသုံးပြုကာ အဓိက ကယ်ဆယ်ရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်လျက်ရှိသည်။

ကိုးကား – Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *