PSM(NEWS)

ဩဂုတ် ၃၁၊ ၂၀၂၆

ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် အထိုင်ချရပ်နားထားသည့် စစ်အုပ်စုစစ်ကြောင်းကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF)၊ ဧရာမမ လက်နက်ကြီးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ၄ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဒရုန်းဖြင့် ၂ ကြိမ်၊ ၈၀ မမ လက်နက်ကြီးဖြင့် ၅ ကြိမ် တိုက်ခိုက်ပြီး ဩဂုတ်လ ၂၆ရက် နံနက် ၁၁ နာရီခန့်တွင် ၈၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့သည်။

ထို့နောက် ဩဂုတ် ၂၇ ရက် မွန်းလွှဲ ၁၂ နာရီခန့်တွင် ၈၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ဩဂုတ် ၂၈ ရက် မွန်းလွှဲ ၁ နာရီခန့်တွင် 😭.A PDF ဒရုန်းအဖွဲ့နှင့် ဧရာမမ လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်း၍ ၈၀ မမ လက်နက်ကြီး ၂ လုံးနှင့် ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၄ ရက်ဆက် တိုက်ခိုက်မှုအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး ၎င်းတို့တပ်စွဲထားသည့် နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကာ တပ်ဖွဲ့သုံးပစ္စည်းများနှင့် ခဲယမ်းအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝဲလောင်ရွာ စစ်ကောင်စီစခန်းအနီးရှိ ဓမ္မာရုံသို့ ကျေးလက်ဆေးဆရာမများကို ခေါ်ယူ၍ ဆေးဝါးကုသမှု ပေးနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *