PSM(News)

ဧပြီ ၁၇၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှုအောက် တွင်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ အထူးလှုပ်ရှားတပ်မက ချေမှုန်းရေးမွမ်းမံသင် တန်းဆင်းပွဲတစ်ခုကို ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် “မတ္တရာမျိုးမှန်တပ်ဖွဲ့” မှ ရဲဘော်များက သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။

သင်တန်းဆင်းပွဲတွင်စစ်ကြောင်းပုံစံ ချီတက်အလေးပြုခြင်းနှင့်စစ်ဆင်ရေးဆိုင်ရာ သရုပ်ပြမှုများကို လုပ်ဆောင် ခဲ့ကြောင်း MDY-PDF က ယနေ့ ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်မှ တာဝန်ရှိသူများအပြင် မန္တလေး တိုင်းစစ်ဌာန ဒု-ကွပ်ကဲရေးမှူး၊ ကသာခရိုင်ကွပ်ကဲရေးမှူးနှင့် မတ္တရာ၊ ထီးချိုင့်မြို့နယ်များမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မန္တလေး PDF သည် မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းအစပ် ဒေသများတွင် စစ်ကော်မရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခုကဲ့သို့ “ချေမှုန်းရေး မွမ်းမံသင်တန်း” ကြောင့် မြေပြင်စစ်ဆင်ရေးများတွင် တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မားလာစေမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-MDY-PDF

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *