Month: March 2026

ကျောက်ကြီးတွင် စစ်မှုထမ်းတပ်သားသစ် ၃ ဦး KNLA ထံ လက်နက်ချအလင်းဝင်

PSM(News) မတ် ၂၀၊၂၀၂၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏ စစ်မှုထမ်းတပ်သားသစ် သုံး ဦးသည် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း-၉ ထံသို့ အလင်းဝင်ရောက် လာကြောင်း ကရင်အမျိုး သားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ ၁၉ ရက်တွင် ကျောက်ကြီးမြို့နယ်၊ သံဆိပ်စခန်းရှိ ခမရ (၃၅၀) တပ်ရင်းတွင်…

ပင်လယ်ကွေ့ပဋိပက္ခများ ရပ်တန့်ရန် တရုတ်တိုက်တွန်း၊ အရှေ့တောင်အာရှ စွမ်းအင်အခက်အခဲကို ကူညီဖြေရှင်းပေးမည်ဟု ကမ်းလှမ်း

PSM(NEWS) မတ် ၂၀၊ ၂၀၂၆ ပင်လယ်ကွေ့ဒေသတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ၏ ဘေးကင်းလုံခြုံမှုကို မထိပါးစေရန် တရုတ်နိုင်ငံက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ထို့ပြင် ရေနံစျေးကွက်အတွင်း ရောင်းလိုအားပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေရသော အရှေ့တောင်အာရှနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်ကို ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် အသင့်ရှိကြောင်းလည်း ဆိုသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း တရုတ်နိုင်ငံက မိမိကိုယ်ကိုယ် ပိုမိုအားကိုးထိုက်သည့်…

ဟော်မုဇ် ရေလက်ကြားမှ ရေနံများ သယ်ယူနိုင်ရန် နိုင်ငံအချို့ အီရန်နှင့် လျှို့ဝှက်သဘောတူညီမှုများ ပြုလုပ်နေ

PSM(NEWS) မတ် ၂၀ ၊ ၂၀၂၆ ဟော်မုဇ် ရေလက်ကြားအတွင်း နှစ်ပတ်ကြာ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေပြီးနောက်၊ နိုင်ငံတကာ ကုန်တင်သင်္ဘောတစ်စီးသည် ၎င်း၏ တည်နေရာပြစနစ် (AIS) ကို ဖွင့်လှစ်၍ အီရန်ရေပိုင်နက်အတွင်းမှ ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့သည်။ ထိုသို့ဖြတ်သန်းသွားနိုင်ခဲ့ခြင်းမှာ ကြီးမားသော တိုးတက်မှုတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ပါကစ္စတန်အလံလွှင့်ထူထားသော “ကရာချီ” (Karachi) သို့မဟုတ်…

အီရန်စစ်ပွဲအတွက် ပင်တဂွန်က အပိုဆောင်းရန်ပုံငွေ ဒေါ်လာဘီလီယံ ၂၀၀ တောင်းခံ

PSM(NEWS) မတ် ၂၀၊ ၂၀၂၆ အီရန်စစ်ပွဲအတွက် အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်က အပိုဆောင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ထပ်မံတောင်းခံရန် စီစဉ်နေကြောင်း သိရသည်။ ဤပမာဏမှာ အလွန်များပြားသည့်အတွက် အဆိုပါရန်ပုံငွေကို အတည်ပြုပေးရမည့် လွှတ်တော်အတွင်း မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ အုပ်ချုပ်ရေးပိုင်းမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ စစ်ဌာနချုပ်သည် အဆိုပါတောင်းခံလွှာကို အိမ်ဖြူတော် သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။…

အီရန်စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်

PSM(NEWS) မတ် ၂၀၊ ၂၀၂၆ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကြာသပတေးနေ့တွင် ရေနံစျေးနှုန်းများ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီး၊ ယင်းက ကမ္ဘာ့စီးပွားရေးအပေါ် ဖိအားပေးလာမှုနှင့်အတူ တစ်ကမ္ဘာလုံးရှိ ရှယ်ယာစျေးကွက်များ ကျဆင်းသွားခဲ့သည်။ နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်သော ဘရန့် ရေနံစိမ်းစျေးသည် နံနက်ပိုင်းတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၉ အထက်သို့ ခေတ္တရောက်ရှိခဲ့ပြီးနောက်၊ ဒေါ်လာ ၁၁၀.၈၀ သို့…

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းမှသာ အမျိုးသမီးများအတွက် တန်းတူညီမျှသော တရားမျှတမှု ရရှိနိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

PSM(News) မတ် ၂၀ ၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာမှသာလျှင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တန်းတူညီမျှသော တရားမျှတမှုကို ခံစားရစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မတ် ၁၇ ရက်နေ့က ကျင်းပသည့် (၇၀) ကြိမ်မြောက် အမျိုးသမီးများ၏…

မင်းကင်းတွင် ပျူစောထီးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းမိ၊ ဒေသခံများ စစ်ရေးသတိရှိရန် SRA သတိပေး

PSM(News) မတ် ၁၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRA) က ထုတ်ပြန်သည်။ မင်းကင်းမြို့နယ်၊ မင်းရွာမှ ထွက်လာသော ပျူစောထီးများနှင့် SRA ကင်းလှည့်အဖွဲ့တို့သည် မတ်လ ၁၈ ရက်၊ နံနက် ၈ နာရီ၃၀မိနစ်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း…

အမည်ပြောင်းရုံဖြင့် စစ်ရာဇဝတ်ဂိုဏ်း၏ ဗီဇပြောင်းလဲမည်မဟုတ်၍ စစ်အုပ်စု၏ နိုင်ငံရေး လှည့်ကွက်များကို သတိပြုရန် JFM တိုက်တွန်း

PSM(News) မတ် ၁၉၊ ၂၀၂၆ မြန်မာစစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံရေးအရ တရားဝင်မှုရရှိရန် အမည်နာမများ ပြောင်းလဲအသုံးပြုနေသော်လည်း ယင်းသည် ဗီဇရုပ်သွင်ကို ပြောင်းလဲနိုင်မည်မဟုတ်ဟု Justice For Myanmar (JFM) က ထုတ်ပြန်ထားသည်။ စစ်အုပ်စုက ပြုလုပ်လာသည့် အတုအယောင် လွှတ်တော်ခေါ်ယူမှုနှင့် အမည်နာမ ပြောင်းလဲမှုများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ဥပဒေမဲ့…

လေယာဉ်ဆီ အခက်အခဲကြောင့် ခရီးသည်များ အပိုအလေးချိန် ဝယ်ယူခွင့်ကို MAI ကန့်သတ်

PSM(News) မတ် ၁၉၊ ၂၀၂၆ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) သည် လေယာဉ်ဆီ (Jet A1) ရရှိမှု အကန့်အသတ်ရှိနေခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲများကြောင့် ခရီးသည်များ၏ ခရီးဆောင်အိတ် အပိုအလေးချိန် ဝယ်ယူခွင့်နှင့် အဖွဲ့ဝင်ခံစားခွင့်များကို ယနေ့ မတ် ၁၉ ရက်နေမှစတင်ကာ ယာယီကန့်သတ်ကြောင်း ထုတ်ပြန်သည်။ လက်ရှိဖြစ်ပေါ်နေသော လေယာဉ်ဆီ ပြတ်လပ်မှုနှင့် ဆက်စပ်နေသော…

နျူကလီးယားမူဝါဒ ပြောင်းလဲရန် အလားအလာမရှိကြောင်း အီရန်ပြောဆို၊ ဟော်မုဇ်ရေလက်ကြားအတွက် မူဘောင်အသစ် လိုအပ်မည်ဟုဆို

PSM(NEWS) မတ် ၁၉၊ ၂၀၂၆ အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုအပေါ် ဆန့်ကျင်သည့် ရပ်တည်ချက်သည် သိသိသာသာ ပြောင်းလဲသွားဖွယ်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောကြားလိုက်သည်။ သို့သော်လည်း အီရန်၏ အမြင့်ဆုံး ခေါင်းဆောင်သစ်အနေဖြင့် ဤကိစ္စရပ်အပေါ် ၎င်း၏သဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း ၎င်းက သတိပေးပြောဆိုခဲ့သည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း…