PSM(NEWS)

မတ် ၂၀၊ ၂၀၂၆

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကြာသပတေးနေ့တွင် ရေနံစျေးနှုန်းများ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီး၊ ယင်းက ကမ္ဘာ့စီးပွားရေးအပေါ် ဖိအားပေးလာမှုနှင့်အတူ တစ်ကမ္ဘာလုံးရှိ ရှယ်ယာစျေးကွက်များ ကျဆင်းသွားခဲ့သည်။

နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်သော ဘရန့် ရေနံစိမ်းစျေးသည် နံနက်ပိုင်းတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၉ အထက်သို့ ခေတ္တရောက်ရှိခဲ့ပြီးနောက်၊ ဒေါ်လာ ၁၁၀.၈၀ သို့ ပြန်လည်ကျဆင်းသွားသော်လည်း ယခင်နေ့ကထက် ၃.၂ ရာခိုင်နှုန်း မြင့်တက်နေဆဲဖြစ်သည်။

အရေးပါသော အီရန် သဘာဝဓာတ်ငွေ့မြေတစ်ခုကို အစ္စရေး က တိုက်ခိုက်ခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် ပါရှန်ကွေ့တစ်ဝိုက်ရှိ ရေနံနှင့် ဓာတ်ငွေ့ဆိုင်ရာ အခြေခံအဆောက်အအုံများကို အီရန်က တိုက်ခိုက်မှုများ အရှိန်မြှင့်လာခဲ့ရာ၊ အမေရိကန် ရေနံစိမ်းစျေးသည်လည်း ၀.၇ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၉၆.၀၉ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

ပါရှန်ကွေ့အတွင်း ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းများ ရေရှည်ရပ်တန့်သွားနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများကြောင့် ကုန်စျေးနှုန်းများ မြင့်တက်ကာ ကမ္ဘာတစ်ဝှမ်း ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ခန့်မှန်းရပါသည်။

ကိုးကား AP

#အီရန်စစ်ပွဲ

#ရေနံစျေးနှုန်း

#ကမ္ဘာတစ်ဝှမ်

#ကုန်စျေးနှုန်းမြင့်တက်

#ငွေကြေးဖောင်းပွမှု

#PSM_News

By Htet Ko