PSM(News)

မတ် ၂၀၊၂၀၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏ စစ်မှုထမ်းတပ်သားသစ် သုံး ဦးသည် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း-၉ ထံသို့ အလင်းဝင်ရောက် လာကြောင်း ကရင်အမျိုး သားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၉ ရက်တွင် ကျောက်ကြီးမြို့နယ်၊ သံဆိပ်စခန်းရှိ ခမရ (၃၅၀) တပ်ရင်းတွင် တာဝန်ကျနေသော ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များဖြစ်သည့် အသက် ၃၄ နှစ်အရွယ် ကိုမင်းထက်၊ အသက် ၂၈ နှစ်အရွယ် ကိုဖိုးသဲနှင့် အသက် ၁၈ နှစ်အရွယ် ကိုဖိုးသားတို့ သုံး ဦးမှာ KNLA တပ်ရင်း-၉ ထံသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်သား သုံး ဦးသည် မိမိတို့၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်ပြီး ၎င်းတို့ကဲ့သို့ အတင်းအဓမ္မ စုဆောင်းခံထားရသည့် တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အမြန်ဆုံး ဆက်သွယ်ကာ လက်နက်ချအလင်းဝင်ကြရန် KNU က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ – KNU

ပုံစာ – ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ KNLA တပ်ရင်း (၉) ထံသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသည့် စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို တွေ့ရစဉ်။

#KNU

#အလင်းဝင်

#စစ်မှုထမ်းတပ်သားသစ်

#ကျောက်ကြီး

#ပဲခူး

#PSM_News

By Htet Ko