Month: March 2026

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံရရှိမှု မြှင့်တင်ရန် ထရမ့်အစိုးရ ကြိုးပမ်း၊ ဗင်နီဇွဲလားအပေါ် ချမှတ်ထားသော ရေနံပိတ်ဆို့မှုအချို့ကို အမေရိကန် ဖြေလျှော့ပေး

PSM(NEWS) မတ် ၁၉၊ ၂၀၂၆ အီရန်စစ်ပွဲအတွင်း ကမ္ဘာ့ရေနံရရှိမှု အခြေအနေကို မြှင့်တင်ရန်အတွက် ထရမ့်အစိုးရက ကြိုးပမ်းနေစဉ်၊ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် စီးပွားရေးလုပ်ဆောင်ခွင့်ကို အကန့်အသတ်အချို့ဖြင့် ခွင့်ပြုပေးရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော လုပ်ပိုင်ခွင့်အာဏာအရ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ (PDVSA) အနေဖြင့် ၎င်းတို့၏ ရေနံများကို အမေရိကန်…

ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဖွန်ဒါလီယန် သြစတြေးလျသို့ သွားရောက်မည်ဖြစ်ပြီး ကုန်သွယ်ရေး သဘောတူညီချက် အပြီးသတ်နိုင်ဖွယ်ရှိ

PSM(NEWS) မတ် ၁၉၊ ၂၀၂၆ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလီယန် သည် လာမည့်အပတ်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ နှစ်ဖက်အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် ညှိနှိုင်းမှုများကို အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ဥရောပသမဂ္ဂ (EU)…

ကောလင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တဲများ ပြိုပျက်၊ မသန်စွမ်းကလေးငယ်ရှိသည့် မိခင်များအတွက် အရေးပေါ်အကူအညီလိုအပ်နေ

PSM (News) မတ် ၁၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ယာယီတဲအိမ်အများအပြား ပြိုလဲပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကောလင်းနယ်အနောက်ခြမ်း၌ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းနောက်တွင် မိုးသည်းထန်စွာရွာသွန်းကာ…

စစ်ခေါင်ဆောင် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေသစ်ပြဌာန်းလိုက်ပြီး အဆိုပါ ဥပဒေတွင် နိုင်ငံသားများအား နိုင်ငံမဲ့ ဖြစ်စေနိုင်သည့် အချက်များပါဝင်နေ

မောင်မောင်ကဲ/PSM News မတ် ၁၈၊ ၂၀၂၆ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ကို မတ်လ ၁၇ ရက်စွဲဖြင့် အသစ်ပြဌာန်းလိုက်ပြီး ဥပဒေပါ ပြဌာန်းချက်အချို့သည် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်ရန်နှင့် အကြပ်ကိုင်ရန်အတွက် လက်နက်သဖွယ် အသုံးချလာနိုင်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်၏ အခန်း (၅)၊ ပုဒ်မ ၂၉ (စ) တွင်…

ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား တစ်သိန်းနီးပါးရှိလာပြီး လစဉ် လူငယ် ၅,၀၀၀ ကျော် စုဆောင်းခံနေရ

PSM (News) မတ် ၁၈၊ ၂၀၂၆ စစ်ကော်မရှင်က အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လက်ရှိအချိန်အထိ သင်တန်း ဆင်းပြီးသည့် တပ်သားအင်အား တစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (MDSI) ထံမှ သိရသည်။ MDSI ၏ လေ့လာဆန်းစစ်ချက်များအရ စစ်ကော်မရှင်သည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) အထိ သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကာ သင်တန်းအမှတ်စဉ်…

ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး အီရတ်နှင့် အီရန်တို့ ဆွေးနွေးလျက်ရှိ

PSM(NEWS) မတ် ၁၈၊ ၂၀၂၆ ဟော်မုဇ် ရေလက်ကြားအတွင်း အီရတ်ရေနံတင် သင်္ဘောအချို့ ဖြတ်သန်းခွင့်ရရှိရန် အီရတ်အစိုးရသည် အီရန်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း အီရတ်ရေနံဝန်ကြီး ဟာယန်အဗ္ဗဒူဂါနီက ပြောကြား‌‌သည်ဟု နိုင်ငံပိုင်သတင်းဌာနက အင်္ဂါနေ့တွင်ဖော်ပြခဲ့သည်။ အီရတ်နိုင်ငံပိုင် ရေပိုင်နက်အတွင်း ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် ရေနံစိမ်းတင်ပို့မှု အနှောင့်အယှက် ဖြစ်နေခြင်းကို လျှော့ချနိုင်ရန် အီရတ်အစိုးရက ကြိုးပမ်းနေခြင်းဖြစ်သည်။ ထို့အပြင် ကာဒစ္စတန်ဒေသကို…

ယနေ့ည ကပြမည့် “မြန်မာဇာတ်ပွဲကြည့်ရအောင်” တော်လှန်ဇာတ်သဘင်တွင် အနုပညာရှင်များ စုံစုံလင်လင် ပါဝင်မည်

ချယ်ရီကိုကို/ PSM (News) မတ် ၁၇၊ ၂၀၂၆ တော်လှန်ရေးနယ်ပယ်မှ နာမည်ကြီး သဘင်ပညာရှင်များစွာ စုပေါင်းဖျော်ဖြေကြမည့် “မြန်မာဇာတ်ပွဲ ကြည့်ရအောင်” ရန်ပုံငွေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယနေ့ မတ်လ ၁၈ ရက် ညပိုင်းတွင် တော်လှန်ဇာတ်သဘင် အစီအစဉ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်သဘင်ဖျော်ဖြေပွဲကို တော်လှန်ရေးကာလအတွင်း ပြည်သူများ…