Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

ထားဝယ်တွင် ပျူစောထီး ခေါင်းဆောင်နှင့် ဇနီးဖြစ်သူ တိုက်ခိုက်ခံရပြီး သေဆုံး၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိ

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီး ခေါင်းဆောင် ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ထံမှ သိရသည်။ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ပျူစောထီး ခေါင်းဆောင် ကိုထွန်းဝင်း (ခ) ကိုလူမဲ၏ နေအိမ်အတွင်းသို့ အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ရဲဘော်များက…

အနောက်တောင်မုတ်သုံလေ အားကောင်းသဖြင့် ပြည်နယ်နှင့် တိုင်း ၆ ခုတွင် မိုးသည်းထန်စွာ ရွာနိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ် ကျော်လွန်နေ

PSM (News) စက်တင်ဘာ ၂၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ် ပင်လယ်အတွင်း ပြန်လည်အားကောင်းလာသည့် တိုင်ဖွန်းမုန်တိုင်း ဆောင်ဒယ် (SAUDEL) တို့၏ ဆွဲအားကြောင့် အနောက်တောင်မုတ်သုံလေမှာ ပိုမိုအားကောင်းလျက်ရှိကြောင်း အိန္ဒိယမိုး လေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာနတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။ မုတ်သုံမြောင်းတန်းသည် ရခိုင်၊ မကွေး၊ ပဲခူး၊…

ထိုင်းနိုင်ငံ၊ချာနာ စက်မှုဇုန်စီမံကိန်းကို ဒေသခံလူထု ထောက်ခံအားပေးပြီး တောင်းဆိုချက် (၅) ရပ် တင်ပြ

PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ထိုင်းနိုင်ငံ၊ချာနာ စံပြရပ်ရွာအသိုက်အဝန်းမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော်က ချာနာ စက်မှုဇုန်စီမံကိန်းကို ထောက်ခံအားပေးကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဝန်ကြီးချုပ် အာနုတင် ချန်ဝီရကူးထံ တောင်းဆိုချက် ငါးရပ်တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါတောင်းဆိုချက်များတွင် ရပ်ရွာပိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေး၊ ဒေသခံများအတွက် အလုပ်အကိုင်…

ဟော်မုဇ်ရေလက်ကြားသည် မကြာမီ တန်ဖိုးမရှိတော့သည့် ရေပြင်ဖြစ်လာမည်ဟု အမေရိကန် သတိပေး

PSM (News) စက်တင်ဘာ ၂၊၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ ဟော်မုဇ်ရေလက်ကြားကို အခြားသော ရေနံပိုက်လိုင်းများဖြင့် လမ်းကြောင်းလွှဲသွားမည်ဖြစ်ရာ ယင်းရေလက်ကြားသည် မကြာမီကာလအတွင်း တန်ဖိုးမရှိတော့သည့် ရေပြင်မျှသာ ဖြစ်လာလိမ့်မည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်ကစက်တင်ဘာလ(၁)ရက်နေ့တွင်ပြောကြားလိုက်သည်။ ဖေဖော်ဝါရီလအတွင်းက အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း…

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အား အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ လူသိရှင်ကြား တိုက်တွန်း

PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက လူသိရှင်ကြား တိုက်တွန်းပြောကြားလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏သီးသန့်ဆွေးနွေးပွဲများအတွင်း အိန္ဒိယဝန်ကြီးချုပ်က ရုရှားသမ္မတအား ယူကရိန်းအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်ရန်နှင့် ရန်လိုမှုများကို ရပ်စဲရန် အတိအလင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ…

အာနုထင်က ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများတွင် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ကတိပြု

PSM (News) စက်တင်ဘာ ၂၊၂၀၂၆ ဝန်ကြီးချုပ် အာနုထင် ချန်ဗီရာကူလ်က ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများရှိ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော မငြိမ်မသက်မှုများကို ဖြေရှင်းရန်အတွက် အစိုးရဌာန အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး ကဏ္ဍများတွင် ဒေသခံ လူထုအသိုက်အဝန်းများက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် တံခါးပိတ်မထားသင့်ကြောင်း၊…

မကွေး-နတ်မောက် လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းနှင့် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး အရာခံဗိုလ် အပါအဝင် ၅ ဦး သေဆုံး

PSM (News) စက်တင်ဘာ ၁၊ ၂၀၂၆ မကွေးတိုင်း၊ မကွေး-နတ်မောက် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ယာဉ်တန်းနှင့် ပျူစောထီး ဂိတ်စခန်း တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာခံဗိုလ် အပါအဝင် ငါး ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃) – ငါးပြေမ တပ်ရင်းထံမှ သိရသည်။ မကွေး-နတ်မောက်…

ရန်ကုန်တွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံး/ဖမ်းဆီးခံနေရပြီး စစ်တပ်ထံ ရောင်းစားသည့် အရံမီးသတ်အရာရှိ နေအိမ် အချုပ်ခန်း စီးနင်းခံရ

PSM (News) စက်တင်ဘာ ၁၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေခြင်းနှင့် လမ်းပေါ်တွင် ရမ်းသမ်းဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ပိုမို မြင့်တက်လျက် ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊…

တောင်တရုတ်ပင်လယ် အပူပိုင်းမုန်တိုင်းငယ်နှင့် မုတ်သုံမြောင်တန်းကြောင့် မိုးဆက်လက်သည်းထန်နိုင်ပြီး မြစ်ရေများ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနိုင်

PSM(News) စက်တင်ဘာ ၁ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်ကမ်းလွန်ရှိ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)၊ ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံမြောင်တန်းတို့ကြောင့် လာမည့် ၃ ရက်အတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ ဂြိုဟ်တုပုံရိပ်များနှင့် စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ မုတ်သုံမြောင်တန်းနှင့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ၏…

ရွှေကူတွင် စစ်အုပ်စု၏ ခြေကုပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်၊ စင်းခန်းတံတားဘက်သို့ ထိုးစစ်ဆင်မှုကို ဟန့်တားထားနိုင်

PSM(News) စက်တင်ဘာ ၁ ရက် တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အာဏာလုစစ်အုပ်စု၏ ခြေကုပ် စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အနောက်ဘက်ရှိ စစ်တပ် အထိုင်ချထားသော ခြေကုပ်စခန်းကုန်းကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက…

You missed