Latest Post

တောင်ငူအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၀၀ အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စုက ခြေချင်းခတ်၍ သာယာဝတီထောင်သို့ ရုတ်တရက် ပြောင်းရွှေ့ တီးတိန်-ကနေဒီတောင်ကြားတွင် အာဏာလုစစ်အုပ်စုနှင့်ပူးပေါင်းစစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီး ၆ ဦး သေဆုံး မြိုင်တွင် အာဏာလုစစ်အုပ်စုက သင်းမရွာကို မီးရှို့၍ ရေနံမှော်များဆီ ဦးတည်နေ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံး ပြင်သစ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်သုံးစွဲခွင့် တားမြစ် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စည်းရိုးတည်ဆောက်မှုကို ထိုင်း ဆက်လက်လုပ်ဆောင်

အရာတော်မြို့နယ် ကံရင်ရွာကို အာဏာလုစစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

PSM(News) (စစ်ကိုင်း) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ကံရင်းကျေးရွာကို အာဏာလုစစ်အုပ်စု၏ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျိုင်ရိုကော့ပတာ သုံးစင်းဖြင့် ယနေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အာဏာလုစစ်တပ်သည်…

ပေါက်ခေါင်းမြို့နယ်ရှိ အာဏာလုစစ်တပ်၏ ချင်းလည်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ဦးထက်မနည်း သေဆုံးနိုင်

PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အာဏာလုစစ်တပ်၏ အထိုင်ချစခန်းဖြစ်သော ချင်းလည် ဂိတ်စခန်းကို ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးကျည်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်…

ခင်ဦးတွင် တိုက်ပွဲမရှိဘဲ ပရဟိတဆေးခန်းအား လေကြောင်းမှ ဗုံးကြဲ၍ ဆရာမအပါအဝင် ၂ ဦး ဒဏ်ရာရ၊ ဒေသခံများကို ကုသပေးနေသည့် ဆေးခန်းနှင့် ဆေးဝါးများ မီးလောင်ပြာကျ

PSM NEWS ဇူလိုင် ၁၄ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့မြောက်ခြမ်းရှိ ငါးတင်းကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့တွင် အာဏာလုစစ်တပ်က လေကြောင်းမှတစ်ဆင့် ပရဟိတ ကျေးလက်ဆေးခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ဆေးခန်းရှိ တာဝန်ကျဆရာမတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများအား အခမဲ့ကုသပေးနေသည့်…

ပေါက်နှင့် မြိုင်အစပ်သို့ အင်အား ၆၀၀ ရှိ စစ်အုပ်စုစစ်ကြောင်း ဦးတည်လာ၍ ဒေသခံ ၁ သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရ

PSM (News) ဇူလိုင် ၁၄ ၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တွင် အာဏာလု စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် မြိုင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံပြည်သူ တစ်သောင်း(၁၀,၀၀၀)ကျော် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်အုပ်စု စစ်ကြောင်းသည် မြိုင်မြို့နယ်ဘက်သို့ စစ်ဦးလှည့်လာခြင်းကြောင့် စစ်ရှောင်ရန် မလိုသည့်…

စစ်ဗိုလ်ချုပ်ကြီးများ၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် ကျပ် ၅ သိန်းနှင့် ဖုန်း ၂ လုံးအတွက် အသတ်ခံရခြင်းဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန်

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန်နှင့် လက်ရှိစစ်ခေါင်းဆောင် အာဏာလုသမ္မတ မင်းအောင်လှိုင်တို့အထိ အဓိက အခါတော်ပေး ကိုးကွယ်ခြင်းခံရသူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာ ဖေဉာဏ် (ခ) ဆရာ တော် ဦးပညာဝံသ သတ်ဖြတ်ခံရမှုသည် ငွေကျပ် ငါးသိန်းနှင့် ဖုန်း နှစ်လုံး လုယက်လိုမှုကြောင့်ဖြစ်ကြောင်း အာဏာလုစစ်အုပ်စုက ထုတ်ပြန်သည်။ ဆရာတော်ဦးပညာဝံသသည်…

စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာ

PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ္နမ် သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့ (ဇူလိုင် ၁၃) တွင် ပြောကြားခဲ့သည်။ မလေးရှားဘုရင် ဆူလ်တန် အီဘရာဟမ် ဆူလ်တန် အစ္စကန်ဒါ နှင့်…

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်နှင့် အီရန်တို့ အားပြိုင်မှုမြင့်တက်နေပြီး အမေရိကန်က ပိတ်ဆို့မှု ပြန်လည်စတင်

PSM(News) ဇူလိုင် ၁၄၊၂၀၂၆ ဟော်မုဇ်ရေလက်ကြား၏ ထိန်းချုပ်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ အီရန်နိုင်ငံက ကုန်တင်သင်္ဘောတစ်စင်းအား တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ပိတ်ဆို့မှုများကို ပြန်လည်စတင်ကြောင်းနှင့် ရေလက်ကြားအား ဖြတ်သန်းသည့် သင်္ဘောများအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်စစ်တပ်သည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်စခန်းများအပါအဝင်…

အိုဒက်ဆာဒေသတွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦး သေဆုံး

PSM (News) ဇူလိုင် ၁၄၊၂၀၂၆ ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာဒေသတွင် တိုဂိုနိုင်ငံအလံတင် ကုန်တင်သင်္ဘောတစ်စင်းအား ရုရှားက တိုက်ခိုက်ခဲ့မှုကြောင့် သင်္ဘောသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အိုလက်စီကူလီဘာ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောသည် သတ္တုမြေသြဇာများ တင်ဆောင်လာပြီး အိုဒက်ဆာဒေသရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ်…

ဇွန်လနှောင်းပိုင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် ဥရောပတွင် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့

PSM (News) ဇူလိုင် ၁၄၊၂၀၂၆ ဇွန်လနှောင်းပိုင်းတွင် ဥရောပတိုက် အနောက်ပိုင်းကို ရိုက်ခတ်ခဲ့သော စံချိန်တင် အပူလှိုင်းကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ EuroMOMO ကွန်ရက်၏ အချက်အလက်များအရ သေဆုံးသူ အများစုမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် အပူဒဏ်ကြောင့်ဖြစ်သော…

အာဆီယံနှင့် အာဏာလုစစ်အုပ်စုတို့၏ အလွတ်သဘောတွေ့ဆုံမှုသည် အာဆီယံတစ်ဖွဲ့လုံး၏ သဘော ထားပြောင်းလဲမှုမဟုတ်ဟု NUG ပြော

PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက်နေ့က ထိုင်းအစိုးရနှင့် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံခဲ့ပြီး အဆိုပါတွေဆုံမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းနေ့တွင်ပင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ…

You missed