PSM (News)

ဇူလိုင် ၃၀၊၂၀၂၆

ထိုင်းနိုင်ငံ၊ အယုတ္တယခရိုင်၊ ဘန်းပအင်မြို့နယ်ရှိ စပါးခင်းဘေး ယာယီစခန်းတစ်ခုတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေကြသည့် အသက် ၆၃ နှစ်နှင့် ၆၇ နှစ်အရွယ် အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၉ ရက်နေ့ကဖမ်းဆီးလိုက်သည်။

အဆိုပါနေရာသည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဖူးသည့် နေရာပင်ဖြစ်သည်။ စစ်ဆေးချက်များအရ ၎င်းတို့နှစ်ဦးတွင် ရဟန်းဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်းများ မရှိဘဲ နိုင်ငံသားကတ်ပြားများတွင်လည်း သာမန်ပြည်သူများအဖြစ်သာ ဖော်ပြထားကြောင်း တွေ့ရှိရသည်။

တရားခံများက အကြွေးများတင်နေပြီး အသက်ရှင်ရပ်တည်ရန် ဝင်ငွေလိုအပ်သဖြင့် ရဟန်းဝတ်စုံ ဝတ်ဆင်ကာ လှည့်လည်အလှူခံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို ဖရာအင်ရာချာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး တရားမဝင် သင်္ကန်းဝတ်ဆင်မှုဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

ကိုးကား-Khaosod

By Htet Ko