PSM (News) ဇူလိုင် ၃၁၊၂၀၂၆ ယူကေနိုင်ငံ၊ ဆပ်ဖ်ဖော့ဒေသရှိ ဒန်ဝစ်ချ်ဟိသ်တွင် အလွန်ပြင်းထန်သော တောမီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များက “အရေးပေါ် အကျပ်အတည်းအခြေအနေ” (Major Incident) ကို ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ မီးလောင်ရာနေရာအနီးတွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ရှိနေပြီး၊ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင် အနည်ဆုံး ၉၀ ဦးက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အပြင်းအထရ် ဆောင်ရွက်နေကြသည်။ ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ ခြောက်သွေ့နေသော ရာသီဥတုကြောင့် မီးလောင်ကျွမ်းမှုမှာ ၁၀၀ ဟက်တာ (၂၄၇ ဧက) ကျယ်ဝန်းသည့် ဧရိယာအထိ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ကာ အနီးအနားရှိ သဘာဝဘေးမဲ့တောများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ မီးငြှိမ်းသတ်ရန် နောက်ထပ် အချိန် ၂၄ နာရီမှ ၄၈ နာရီအထိ ဆက်လက်ကြာမြင့်ဦးမည်ဟု ခန့်မှန်းထားသည်။ ကိုးကား The Independent Post navigation ထိုင်းနိုင်ငံ၊အယုတ္တယတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေသူနှစ်ဦး ဖမ်းဆီးခံရ အိန္ဒိယနိုင်ငံ၏ Reliance ကုမ္ပဏီ ဇူလိုင်လအတွင်း ဥရောပနှင့် ဘရာဇီးနိုင်ငံများသို့ ဒီဇယ်တင်ပို့မှုကို မြှင့်တင်