PSM(News)

ဇူလိုင် ၃၁၊၂၀၂၆

အိန္ဒိယနိုင်ငံ၏ ရေနံချက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သော Reliance Industries သည် ဇူလိုင်လအတွင်း ဥရောပနှင့် ဘရာဇီးနိုင်ငံများသို့ ဒီဇယ်တင်ပို့မှုကို တိုးမြှင့်လိုက်ကြောင်း သင်္ဘောလမ်းကြောင်းခြေရာခံ စာရင်းအချက်အလက်များနှင့် ကုန်သွယ်ရေးသတင်းရင်းမြစ်များက ဖော်ပြသည်။ ယင်းကဲ့သို့ တင်ပို့မှုတိုးမြှင့်ခြင်းသည် အမေရိကန်-အီရန် စစ်ပွဲနှင့် ရုရှားနိုင်ငံ၏ တင်ပို့မှုပိတ်ပင်ချက်တို့ကြောင့် တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသော လောင်စာဆီပြတ်လပ်ကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ဖွယ် ရှိနေသည်။

Jamnagarရေနံချက်စက်ရုံမှ ဥရောပသို့ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးသုံး လောင်စာဆီ စည်ပေါင်း ၄ သန်းမှ ၅ သန်းအထိ တင်ဆောင်ခဲ့ကြောင်း သိရသည်။ ဤပမာဏသည် အမေရိကန်-အီရန် စစ်ပွဲမစတင်မီက အခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားခြင်းဖြစ်ပြီး ၁၀ လအတွင်း အမြင့်ဆုံး ပမာဏလည်း ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko