Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

သရက် – မင်းတုန်းလမ်းပိုင်းတွင် စစ်အုပ်စု၏ ထောက်ပံ့ရေးလမ်းကြောင်းကို PDF ဖြတ်တောက်၊ တစ်ပတ်အတွင်း တပ်ဖွဲ့ဝင် တစ်ဒါဇင် သေဆုံး

PSM(News) ဩဂုတ် ၁၄၊ ၂၀၂၆ ‎ မကွေးတိုင်း၊ သရက်မြို့နှင့် မင်းတုန်းမြို့ကို ဆက်သွယ်ထားသည့် စစ်အုပ်စု၏ အဓိက ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော သရက် – မင်းတုန်းလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၂ ဦး(တစ်ဒါဇင်) သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄)…

စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်တို့တွင် ရေကြီးနိုင်သည့် အနီရောင်အဆင့် သတိပေးထား၊ မြို့နယ် ၁၂ ခု၌ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နေ၍ ရွှေ့ပြောင်းကြရန် အရေးပေါ် နှိုးဆော်

PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ ကမ္ဘာ့ရေကြီးမှု အသိပေးစနစ် (GloFAS) ၏ မြေပုံအချက်အလက်များအရ စစ်ကိုင်းအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် “အနီရောင်အဆင့်” အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။ ဒေသအလိုက် သတိပေးချက်များအရ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်…

ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင်လာသည့် စစ်အုပ်စု၏ တပ်မ-၆၆ နှင့် AA တပ်ဖွဲ့ဝင်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီး လက်နက်နှင့် အလောင်းများ သိမ်းဆည်းရမိ

PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ အာဏာလု စစ်အုပ်စုသည် ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ရခိုင်-ဧရာဝတီ နယ်စပ်အစပ်တွင် လေကြောင်း၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီး အများအပြားသုံးကာ အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။ ထိုသို့ထိုးစစ်ဆင်လာသည့် စစ်တပ်ကို အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်ဖြင့် တိုက်ထုတ် ခဲ့ရာအထိ အခိုက်များစွာဖြင့် တပ်လန်ဆုတ်ခွာသွားပြီး…

အမေရိကန်၏ ဝေဖန်မှုများကြောင့် လက်ဘနွန်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ဟစ်ဇ်ဘိုလာ လက်နက်စွန့်လွှတ်မှုနှင့် အစ္စရေး ချိတ်ဆက်

PSM (News) ဩဂုတ် ၁၄၊၂၀၂၆ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်၏ ယခင်က ပြောကြားခဲ့သော မှတ်ချက်စကားများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ထို့နောက်၊ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသမှ အစ္စရေး တပ်ဖွဲ့များ ဆုတ်ခွာရေးကိစ္စကို ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်စွန့်လွှတ်မှုအပေါ်တွင် မူတည်ကြောင်း ကြေညာလိုက်သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်မစွန့်လွှတ်သမျှ…

သတင်းစာရှင်းလင်းပွဲတွင် နောက်ထပ် လူသတ်မှုဖြစ်ပွားကြောင်း ကြားသိရသဖြင့် ဝန်ကြီးချုပ် အာနုတင် အံ့အားသင့်

PSM(News) သြဂုတ် ၁၄၊ ၂၀၂၆ ကြာသပတေးနေ့က နာခွန် ရာချာစီမာမြို့တွင် ပြုလုပ်သည့်ပွဲတစ်ခု၌ လူ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကြားသိရပြီးနောက် ဝန်ကြီးချုပ် အာနုတင် ချန်ဗီရာကူလ်သည် အံ့အားသင့်သွားကာ “နောက်တစ်ကြိမ် ပြန်ဖြစ်တာလား!” ဟု အံ့သြတုန်လှုပ်စွာဖြင့် ညည်းတွားပြောဆိုခဲ့သည်။ ယခုဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ဝန်ကြီးချုပ်က ဖြေကြားရာတွင် အစိုးရအနေဖြင့် သေနတ်ဝယ်ယူခွင့်…

ထိုင်းနိုင်ငံက တရုတ်စီးပွားရေးလုပ်ငန်းရှင် ချန်ကျီ၏ ပိုင်ဆိုင်မှုများကို ထပ်မံသိမ်းဆည်း

PSM (News) သြဂုတ်လ ၁၄၊ ၂၀၂၆ တရုတ်-ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် ချန်ကျီ နှင့် ဆက်စပ်နေသည့် ပိုင်ဆိုင်မှု ဘတ်သန်း ၁၁၅ ကျော်ကို ထိုင်းနိုင်ငံက ဆက်လက် သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိသည်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) က ကြာသပတေးနေ့တွင် ပြောကြားရာ၌ ၎င်း၏ ငွေကြေးဆိုင်ရာ အကျပ်အတည်း စုံစမ်းစစ်ဆေးရေး ကော်မတီက ငွေသား၊…

တိုင်ပေမြို့တွင် ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှုများကြောင့် လမ်းများရှင်းလင်းသွားပြီး အင်တာနက်အသုံးပြုမှု နှေးကွေး

PSM(News) သြဂုတ် ၁၄၊ ၂၀၂၆ တိုင်ပေမြို့တွင် တရုတ်နိုင်ငံ၏ တိုက်ခိုက်မှုများကို စမ်းသပ်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော လေကြောင်းရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရာ လမ်းမများ ခြောက်သွေ့သွားပြီး မိုဘိုင်းလ်အင်တာနက် အသုံးပြုမှုများလည်း နှေးကွေးသွားခဲ့သည်။ တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်သည် ၁၀ ရက်ကြာ ကျင်းပသည့် ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုများ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး…

ဂွ၊ သံတွဲနှင့် ဆမီးမြို့တို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကျောင်းသူတစ်ဦး အပါအဝင် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ

PSM (News ဩဂုတ် ၁၃၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့အပါအဝင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို အာဏာလုစစ်အုပ်စုက ဂျက်တိုက်လေယာဉ်များဖြင့် ညအချိန် အဓိကထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သား သေဆုံးသူ ၁၇ ဦးအထိ ရှိလာကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ဩဂုတ် ၁၃…

ရန်ကုန်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေသူ ၅၄ ဦးတွေ့ရှိပြီး သက်ကြီးပိုင်း ၁ ဦး သေဆုံး၊ လမ်းဘေးအစားအစာ ရောင်းချမှုနှင့် ၁၉ လမ်း ဆိုင်များ ပိတ်ခိုင်း

PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ ရန်ကုန်မြို့လယ် မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ကာလဝမ်း) ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာဦးရေ ၁၈၀ ကျော်အထိ မြင့်တက် လာနေပြီး အသက် (၉၂) နှစ်အရွယ် သက်ကြီးပိုင်း လူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာလု စစ်အုပ်စု၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်…

သဖန်းဆိပ်ဆည်ရေ ထပ်မံထုတ်လွှတ်သဖြင့် မူးမြစ်ဘေးနေ ပြည်သူများ အရေးပေါ် ရွှေ့ပြောင်းကြရန် သတိပေး၊ ရေကြီးမှုကြောင့် တိုင်းနှင့်ယူနစ် ၄ ခုတွင် လူ ၂၅ ဦး သေဆုံးထား

PSM(News) ဩဂုတ် ၁၃ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်သည် ကန်ရေပြည့်မှတ် ၅၄၅ ပေအထက် ၅၄၅.၇၅ ပေသို့ ရောက်ရှိနေသဖြင့် ဆည်ကြံ့ခိုင်မှုအတွက်ဟုဆိုကာ အာဏာလု စစ်အုပ်စု၏ ဆည်မြောင်းဌာနက ယနေ့ ဩဂုတ် ၁၃ ရက်တွင် ရေလွှတ်နှုန်း ၆၇,၇၀၉ ကျူဆက်အထိ တိုးမြှင့် ဖောက်ထုတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖောက်ထုတ်လိုက်သည့်…

You missed