PSM(News)

သြဂုတ် ၁၄၊ ၂၀၂၆

ကြာသပတေးနေ့က နာခွန် ရာချာစီမာမြို့တွင် ပြုလုပ်သည့်ပွဲတစ်ခု၌ လူ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကြားသိရပြီးနောက် ဝန်ကြီးချုပ် အာနုတင် ချန်ဗီရာကူလ်သည် အံ့အားသင့်သွားကာ “နောက်တစ်ကြိမ် ပြန်ဖြစ်တာလား!” ဟု အံ့သြတုန်လှုပ်စွာဖြင့် ညည်းတွားပြောဆိုခဲ့သည်။

ယခုဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ဝန်ကြီးချုပ်က ဖြေကြားရာတွင် အစိုးရအနေဖြင့် သေနတ်ဝယ်ယူခွင့် လိုင်စင်ထုတ်ပေးခြင်းကို ဆိုင်းငံ့ခြင်းနှင့် လက်ရှိလိုင်စင်များကို ပြန်လည်စိစစ်ခြင်းတို့ အပါအဝင် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့သော ဖြစ်ရပ်မျိုးများ နောက်ထပ် လုံးဝမဖြစ်ပွားရတော့ကြောင်း ဝန်ကြီးချုပ်က အကြိမ်ကြိမ် အလေးအနက် ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် တစ်ပတ်အတွင်းက အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ကျောင်းအတွင်း ပစ်ခတ်ခဲ့မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်အပါအဝင် သေစေလောက်သော ပစ်ခတ်မှု နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

ကိုးကား – Thai PBS

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *