PSM(News)

သြဂုတ် ၁၄၊ ၂၀၂၆

တိုင်ပေမြို့တွင် တရုတ်နိုင်ငံ၏ တိုက်ခိုက်မှုများကို စမ်းသပ်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော လေကြောင်းရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရာ လမ်းမများ ခြောက်သွေ့သွားပြီး မိုဘိုင်းလ်အင်တာနက် အသုံးပြုမှုများလည်း နှေးကွေးသွားခဲ့သည်။

တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်သည် ၁၀ ရက်ကြာ ကျင်းပသည့် ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုများ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်တပ်၏ ခုခံစစ်ဆင်မှုများနှင့်အတူ အစိုးရ၏ အရပ်ဘက် ကာကွယ်ရေး လေ့ကျင့်မှုများကိုပါ လုပ်ဆောင်လျက် ရှိသည်။

တနင်္လာနေ့တွင် အလယ်ပိုင်းဒေသ၌ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် မြို့တော်တိုင်ပေနှင့် မြောက်ပိုင်းဒေသများ၌ မိနစ် ၃၀ ကြာ မိုဘိုင်းလ်အင်တာနက် အမြန်နှုန်း လျှော့ချသည့် လေ့ကျင့်မှုကို ထပ်မံပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှုကြောင့် ကြိုးသွယ်အင်တာနက်နှင့် ဝိုင်ဖိုင်များကို ထိခိုက်မှု မရှိစေဘဲ မိုဘိုင်းလ်အင်တာနက် အမြန်နှုန်းများသာ သိသိသာသာ နှေးကွေးသွားခဲ့သည်။

ထိုသို့ လေ့ကျင့်ရာတွင် ရဲတပ်ဖွဲ့ဝင်များက လမ်းပေါ်ရှိ ပြည်သူများကို အမိုးအကာများအတွင်းသို့ ဝင်ရောက်ခိုလှုံစေခဲ့ပြီး ယာဉ်များကိုလည်း ဘေးကင်းရာသို့ ထိုးရပ်စေခဲ့သည်။ မြေအောက်ဈေးဝယ်စင်တာတွင် ရှိနေသည့် အသက် ၃၃ နှစ်အရွယ် အမီလင်ကမူ ဤလေ့ကျင့်မှုသည် စစ်ပွဲကာလအတွင်း အင်တာနက် လုံးဝပြတ်တောက်သွားမည့် အခြေအနေနှင့် တူညီလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *