PSM(News)

ဩဂုတ် ၁၄၊ ၂၀၂၆

မကွေးတိုင်း၊ သရက်မြို့နှင့် မင်းတုန်းမြို့ကို ဆက်သွယ်ထားသည့် စစ်အုပ်စု၏ အဓိက ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော သရက် – မင်းတုန်းလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၂ ဦး(တစ်ဒါဇင်) သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းထံမှ သိရသည်။

သရက်မြို့ရှိ အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) မှ မင်းတုန်းမြို့သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ရာတွင် အဆိုပါလမ်းပိုင်းကို စစ်အုပ်စုက မဖြစ်မနေ အသုံးပြုနေရခြင်း ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါလမ်းကြောင်းကို ပစ်မှတ်ထား၍ စဉ်ဆက်မပြတ် ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ပြန်ကြားရေးထံမှ သိရသည်။

“သရက် – မင်းတုန်းလမ်းပိုင်းက သူတို့အတွက် အသက်သွေးကြောလိုပါပဲ။ ကပစ-၁၂ ကနေ မင်းတုန်းကို ရိက္ခာပို့ဖို့ သူတို့ မဖြစ်မနေ သုံးရတယ်။ အဲဒါကြောင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေနဲ့ မကြာခဏ သွားလာနေတာ၊ ကျွန်တော်တို့ကလည်း အဲဒီအချက်ကို အမြဲစောင့်ကြည့်ပြီး ကြားဖြတ် တိုက်ခိုက် နေတာပါ” ဟု သရက် ခရိုင် အမှတ် (၄) တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က PSM ကိုပြောသည်။

‎ပြီးခဲ့သည် ဩဂုတ် ၁၀ ရက်နေ့က သရက် – မင်း‎တုန်း လမ်းပိုင်းပေါ်ရှိ ‌ရေမျက်ရွာရဲစခန်းမှ ထွက်လာ သည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များကို တော်လှန်‎ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်‎အုပ်စု တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့သည်။

ထို့အတူ ဩဂုတ် ၁၂ နှင့် ၁၃ ရက်နေ့များတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဩဂုတ် ၁၃ရက်နေ့တွင် မင်းတုန်းမြို့မှ နယ်မြေရှင်းလင်းရန် ထွက်လာသည့် အင်အား ၃၅ ဦးခန့်ပါ စစ်ကြောင်းကို သရက်မြို့နယ်၊ ပုဇဉ်းဒါးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သော အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ကိုး ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်သည်။

‎”၁၂ရက်နေ့မှာ မင်းတုန်း ဘက်က ထွက်လာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့က မိုင်းဆွဲပြီးတော့ လက်ဦးမှုရယူပြီးတော့ တိုက်ခိုက်တယ်။ တိုက်ပွဲအချိန် မိနစ် ၃၀ လောက်ဖြစ်တယ်။ ရန်သူ့ ဘက်က လည်း လက်နက်ငယ် ၄၀မမ၊ ၆၀မမ တွေနဲ့ ပြန်လည် ပစ်တာတွေရှိတယ်။ ကျွန်တော် တို့‎တွေက လက်ဦးမှုရယူ တိုက်ခိုက် မိုင်း‌ဆွဲ နိုင်ခဲ့‎တဲ့ အတွက် ရန်သူ့ဘက်က သေဆုံးမှုတွေရှိခဲ့‎တယ်” ဟု ကိုမြတ်က တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေ‎အနေကို ရှင်းပြသည်။

‎ထို့အပြင် အာဏာလု စစ်အုပ်စုသည် မင်းတုန်းမြို့နယ် အနောက်ပိုင်းကို ပြန်လည် စိုးမိုးနိုင်ရေးအတွက် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် ကို ဆက်သွယ်ထားသည့် မင်း‎တုန်း – မအီ ကုန်သွယ်ရေး လမ်းကြောင်းကို

‎ဖြတ်တောင် နိုင်ရေးအတွက် ဧပြီလ ကတည်းက အင်အား ၁,၀၀၀ ကျော်ဖြင့် မင်းတုန်း – ရခိုင်ရိုးမအစပ် ဒေသများတွင် ထိုးစစ်ဆင်လျက်ရှိသည်။

သို့သော် မင်းတုန်းအခြေစိုက် ပြည်သူကာကွယ်ရေးတပ်မတော် (PDF) များနှင့် အာရက္ခတပ်တော် (AA) တို့၏ ပူးပေါင်းဖြတ်တောက် တိုက်ခိုက်မှုများကြောင့် စစ်အုပ်စု၏ စစ်ရေးရည်မှန်းချက်များ ပျက်ပြား လျက်ရှိသည်။ လက်ရှိတွင် စစ်အုပ်စုသည် ရိုးမခြေရင်းရှိ ပြောင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ဖြူကန်ကျေးရွာတို့တွင် တပ်စွဲ၍ အထိုင်ချထားသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာလျက်ရှိနေသည်။

“သူတို့ဖြစ်ချင်တဲ့အတိုင်း အပြည်hအဝ မအောင်‎မြင်ဘူးလို့ ပြောလို့ရပါတယ်။ မင်းတုန်း အနောက်ခြမ်း ရခိုင်ရိုးအစပ်ကို ထိုးနေတဲ့ စစ်ကြောင်းကတော့ ရိုးအခြေ ကျေးရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ နောက် ထန်းပင်ကုန်းကျေးရွာ၊ ဖြူကန် ကျေးရွာ။ အဲဒီရွာတွေမှာ တပ်စွဲပြီးတော့ အထိုင်ချနေပါတယ်” ဟု ကိုမြတ်က စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို အသိပေး‎သည်။

‎လက်ရှိတွင် မင်းတုန်းမြို့နယ်အနောက်ပိုင်း ရ‎ခိုင်ရိုးမ တောင်ခြေတွင် အာဏာလု စစ်တပ်နှင့် AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆိုင်ထားကြောင်း သိရသည်။

ဓာတ်ပုံ-သရက်ခရိုင် အမှတ် (၄) တပ်ရင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *