Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား

ထိုင်းနိုင်ငံ၊ပထုံထာနီတွင် ညလုံးပေါက် အားသွင်းထားသည့် ဇိမ်ခံကား မီးလောင်ကျွမ်း

PSM (News) ဩဂုတ် ၁၇ ၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ပထုံထာနီပြည်နယ်ရှိ အိမ်ရာတစ်ခုတွင် ညလုံးပေါက် အားသွင်းထားခဲ့သည့် ဘတ်ငွေ ၁ သန်းကျော်တန်ဖိုးရှိ ဇိမ်ခံဟိုက်ဘရစ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့‌သည်။ ခလောင်းလုံခရိုင်ရှိ အဆိုပါဖြစ်စဉ်အတွက် ဒေသန္တရအုပ်ချုပ်ရေးမှူး ဒေါက်တာ ဝီရာဆက် ဟာဒ သည် မီးသတ်ယာဉ်နှစ်စီးဖြင့် ချက်ချင်းသွားရောက်ငြှိမ်းသတ်ခဲ့ရာ တစ်နာရီခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ကား၏ ယာဉ်မောင်းခန်းမှာ ဆိုးဝါးစွာ ပျက်စီးခဲ့သည်။…

မိုးမိတ်နယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာ၍ မန်တုံ-မိုးမိတ် နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းများကို KIA ယာယီ ပိတ်ပင်

PSM (News) ၁၆ ဩဂုတ် ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း အာဏာလုစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) / KPDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာနေသည့်အတွက် အများပြည်သူနှင့် ခရီးသွားများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် မန်တုံ-မိုးမိတ် လမ်းပိုင်း နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်း တို့ကို ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့မှစ၍ ယာယီ…

စဉ့်ကူး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် စစ်ရေးပြင်ထန်လာနိုင်သဖြင့် အမြန်ဆုံး ရှောင်ရှားကြရန် TRI ဗျူဟာ သတိပေး

PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနယ်မြေများတွင် အာဏာလု စစ်အုပ်စုနှင့် စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူများအနေဖြင့် စစ်တပ် အထိုင်ချထားသည့် နေရာများနှင့် လွတ်ကင်းရာသို့ အမြန်ဆုံး ခေတ္တပြောင်းရွှေ့နေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ TRI ဗျူဟာက သတိပေး…

ပင်လယ်ပြင် မုန်တိုင်းငယ်ဖြစ်နိုင်ခြေနှင့် မိုးကြီး၊ မြစ်ရေကြီးမည်ဖြစ်၍ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်နေ ပြည်သူများ သတိပြုရန်လို

PSM(News) ဩဂုတ် ၁၆၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း အသစ်တစ်ခု ထပ်မံဖြစ်ပေါ်နေပြီး မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း မိုးဆက်လက်သည်းထန်နိုင်ကာ ပင်လယ်ပြင်လှိုင်းကြီးခြင်းနှင့် မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက် များအရ သိရသည်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေရစ်ဝဲသည် အရှိန်ရလာနေပြီး လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ကြောင်း…

ထိုင်းနိုင်ငံ၊ကရာဘီတွင် ခရီးသည်တင် စက်လှေတစ်စင်း တိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ခရီးသည်များ အပါအဝင် ၁၂ ဦး ဘေးကင်းစွာ လွတ်မြောက်

PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ကရာဘီခရိုင် ကမ်းလွန်ပင်လယ်ပြင်တွင် အိန္ဒိယနိုင်ငံသား ခရီးသည်များ လိုက်ပါလာသည့် ခရီးသည်တင် ဒေသန္တရစက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း လိုက်ပါလာသူ ၁၂ ဦးစလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ နောင်ထလေခရိုင်ခွဲ၊ လမ်ဟန်နက် ကျွန်းအနီး ပင်လယ်ပြင်တွင် အိန္ဒိယနိုင်ငံသား ခရီးသည် ၁၀ ဦး၊ လမ်းပြတစ်ဦးနှင့် လှေမောင်းနှင်သူတို့…

ဟော်မုဇ်ရေလက်ကြားတွင် ADNOC ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၊ အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီ (ADNOC) ၏ ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် အီရန်နိုင်ငံက တိုက်ခိုက်ခဲ့ကြောင်း စနေနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု WAM သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ADNOC က…

ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်တွင် ပျောက်ဆုံးသွားခဲ့သည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦး ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

PSM (News) ဩဂုတ် ၁၆၊ ၂၀၂၆ ချုံဘူရီခရိုင်၊ ဆမဲစန်းကျွန်းအနီး ရေနက်ပိုင်း နည်းပညာပိုင်းဆိုင်ရာ ရေငုပ်ခရီးစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြသည့် နိုင်ငံခြားသား ရေငုပ်သမားလေးဦးကို သောကြာနေ့ညပိုင်းတွင် နမ်ဆိုင်းကမ်းခြေသို့ ဘေးကင်းစွာ ကူးခတ်ရောက်ရှိလာခဲ့ကြပြီးနောက် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်သည်။ နည်းပြနှစ်ဦးနှင့် သင်တန်းသားနှစ်ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် ရေအနက် မီတာ (၄၀ – ၅၀) ခန့်အထိ ရေငုပ်ခဲ့ကြပြီး နေ့လယ်…

ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှု မြင့်တက်လာပြီး ကာကွယ်ရေးဝန်ကြီးက ဘေဂျင်း၏ စွပ်စွဲချက်များကို တုံ့ပြန်

PSM (News) သြဂုတ် ၁၆၊၂၀၂၆ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂျီလ်ဘတ်တိုဒိုရိုက မိမိအား တရုတ်နိုင်ငံကို စနစ်တကျ တိုက်ခိုက်စွပ်စွဲနေသည်ဟူသော ဘေဂျင်း၏ ပြောဆိုချက်များကို စနေနေ့တွင် ပယ်ချလိုက်ပြီး ယင်းသည် အဓိကပြဿနာများကို ဖုံးကွယ်ရန် အာရုံလွှဲသည့် လုပ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူရာတွင် တိုဒိုရိုက ဦးဆောင်ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်နိုင်ငံခြားရေး…

စစ်ရေးအရှိန်မြှင့်ရန် တပ်ရင်း ၃၆၀ ကျော်နှင့် ပကဖများကို NUG ထောက်ပံ့ကြေး တိုးမြှင့်၊ အဆုံး အဖြတ်ကာလအတွက် ပြည်သူလူထု ပိုမိုပါဝင်ရန် ဆက်လက်တောင်းဆို

PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် ၂၀၂၆ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များအတွက် စစ်စရိတ် တိုးမြှင့်သုံးစွဲလာနိုင်ကြောင်း သိရသည်။ ထိုသို့ စစ်စရိတ် တိုးမြှင့်လာနိုင်ခြင်းမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အပါအဝင် ပြည်သူလူထု၏ လစဉ်ပုံမှန်ထောက်ပို့မှု အရှိန်အဟုန်ကြောင့်ဖြစ်ပြီး…

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်၏ တောင်းဆိုချက် အပေါ် စစ်အုပ်စုက “စိတ်မသက်မသာဖြစ်ရသည်” ဟုတုံ့ပြန်

မောင်မောင်ကဲ/ PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) တို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ၎င်းအား ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် အစိုးရ၏ တောင်းဆိုချက်အပေါ် အာဏာလု စစ်အုပ်စု၏ ဝါရှင်တန် မြန်မာသံရုံးက “အပြုသဘောမဆောင်သည့် တောင်းဆိုချက်ဖြစ်၍ စိတ်မသက်မသာ ဖြစ်ရသည်” ဟုဆိုကာ…

You missed