Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား

အနောက်ဘက်ကမ်း အကြမ်းဖက်မှုများ ရပ်တန့်ရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

PSM (News)ဩဂုတ် ၁၈၊ ၂၀၂၆ ရောမမြို့အပြင်ဘက်ရှိ ကတ်စတယ် ဂန်ဒေါလ်ဖိုတွင် မွန်းလွဲဆုတောင်းပွဲအပြီး၌ ပုပ်ရဟန်းမင်းကြီး လီယိုက ပါလက်စတိုင်းများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။ နက်ဘလူးမြို့ တောင်ဘက်ရှိ ကုစရာရွာ ဝိုင်းရံပိတ်ဆို့မှုနှင့် မာဆာဖာ ယက်တာဒေသ အယ်လ်-တူဘာရွာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ကုစရာရွာတွင် ရေနှင့်မီးဖြတ်တောက်ကာ…

ပင်လယ်ဘူးကို စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ၊ မိုင်းတုံးတာကြီး ရွှေကျင်းများ ဗုံးကြဲခံရ၍ လုပ်သား ၈ ဦး သေဆုံး

PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ အရပ်သားများ နေထိုင်ရာ နေရာများကို အာဏာလု စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ ဩဂုတ် ၁၈ ရက် တွင် ရွှေတူး ဖော်ရေး လုပ်ငန်းခွင်များ ဗုံးကြဲခံရသဖြင့် လုပ်သား ရှစ် ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ…

ပင်လယ်ဘူးတွင် စစ်အုပ်စုက ဆေးရုံနှင့် စာသင်ကျောင်းများကို လေကြောင်းမှ ငါးကြိမ်တိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၇ ဦး ဒဏ်ရာရ

PSM (News) ဩဂုတ် ၁၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ နေအိမ်များကို အာဏာလု စစ်အုပ်စုက တိုက်လေယာဉ်များဖြင့် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ခုနစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံမျာထံမှ…

လက်ပံတန်းရှိ အာဏာလု စစ်အုပ်စု၏ ထန်းပင်ချောင် ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်စဉ် တပ်ပျက်၍ တပ်ဖွဲ့ဝင်များ ထွက်ပြေး

PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က ထန်းပင်ချောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်အုပ်စု ဂိတ်စခန်းကို လက်နက်ကြီး၊…

စစ်တောင်းမြစ်ဝှမ်းနှင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ရေကြီးမှုအန္တရာယ် မြင့်မားနေပြီး ရန်ကုန်၊ မွန် နှင့် ကရင်တို့တွင် နောက် ၂ ရက်အတွင်း မိုးပိုလာမည်

PSM (News) ၁၈ ဩဂုတ် ၂၀၂၆ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်နှင့် အနောက်တောင် မုတ်သုံလေ အရှိန်ကြောင့် လာမည့် ဩဂုတ်လ ၂၀ ရက်နေ့အထိ ပဲခူးတိုင်းအရှေ့ခြမ်းတွင် မိုးအားကောင်းစွာ ဆက်လက် ရွာသွန်းနိုင်ပြီး စစ်တောင်းမြစ် ဝှမ်းဒေသများ၌ ရေကြီးမှု အန္တရာယ် မြင့်မားနေကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က အသိ ပေးထားသည်။ မုန်တိုင်းငယ်သည် အန္ဒိယဘက်သို့…

ဖမ်းဆီးခံထားရစဉ် လက်နက်လုယူ ထွက်ပြေးသည့် ဒုအကောက်ခွန်မှူး ဖြိုးစံ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး၊ ပြန်လည်ခုခံသူ မည်သူမဆို ပွဲချင်းပြီး ရှင်းလင်းမည်ဟု နည်းဗျူဟာ -၃၃ သတိပေး

PSM(News) ဩဂုတ် ၁၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံ သည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လက်နက်လုယူ၍ ပြန်လည်ခုခံ ထွက်ပြေးသဖြင့် နေရာတွင်ပင် ပစ်ခတ်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ယနေ့ ဩဂုတ် ၁၈ ရက် တွင် ထုတ်ပြန်သည်။ ဒုအကောက်ခွန်မှူး ဖြိုးစံ (ကပ-၂၇၁၈)…

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် မွေ့ထိုင်း စခန်းမန်နေဂျာ ဖမ်းဆီးခံရ

PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဘန်ကောက်မြို့ဘက်သို့ တင်ဆောင်လာသည့် အသက် ၄၂ နှစ်အရွယ် မွေ့ထိုင်းစခန်းမန်နေဂျာ တစ်ဦး ဖမ်းဆီးခံရသည်။ အဆိုပါအဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်သည်။ ဆာကျောင်းနယ်စပ်အနီး လူမှောင်ခိုလမ်းကြောင်းတစ်ခု၌ ပစ်ကပ်ကားတစ်စီး အလွန်အမင်း…

မိုးမိတ်၊ ရွှေကူနှင့် ဗန်းမော်တို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေ၍ လမ်းပိုင်း များ ပိတ်ထားရပြီး ဒေသခံများ စစ်ရှောင်နေရ

PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စစ်အုပ်စု၏ ထိုးစစ်ဆင်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ကို ယာယီ ပိတ်ထားရပြီး ဒေသခံ ရာပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အမှတ် (၃၄) တပ်ရင်းဌာနချုပ်သည် ပြီးခဲ့သည့်…

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကျောင်းပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် နှစ်ဦး သေဆုံး

PSM (News) ဩဂုတ် ၁၈ ၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၊ အာဏာပိုင်များ၏ ပြောကြားချက်အရ တောင်ပိုင်းဒေသရှိ ကက်သလစ်အလယ်တန်းကျောင်းတစ်ကျောင်းတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။နိုင်ငံအတွင်း နှစ်လနီးပါးအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ဇမ်ဘိုအန်ဂါ တောင်ပိုင်းမြို့ရှိ အေတီနီယို…

ဂါဇာငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ စတင်

PSM (News) ဩဂုတ် ၁၈၊ ၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ဂျာရက်ကူရှနာတို့သည် ဂါဇာငြိမ်းချမ်းရေးအတွက် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အချက် ၁၅ ချက်ပါ လမ်းပြမြေပုံကို ကယ်တင်နိုင်ရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂါဇာဒေသတွင်းရှိ လူဦးရေ ၂ သန်းခန့်၏ အရေးနှင့် ပျက်စီးသွားသော…

You missed